နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်လအန်ဆန် နှစ်နှစ်ဆက်တိုက် တစ်နှစ်တာအကောင်းဆုံး နိုင်ငံတကာဖိုက်တာဆု ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေ

ရန်ကုန်   ဇူလိုင်   ၉


MMA (One Championship) ဝိတ်တန်းနှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်ဟာ တစ်နှစ်တာအကောင်းဆုံး နိုင်ငံတကာ ဖိုက်တာဆု (International Fighter of the Year) ဆန်ခါတင်စာရင်းတွင် ပါဝင်နေကြောင်း သိရပါတယ်။


၂၀၁၈ ခုနှစ်က ဒီဆုကို အောင်လအန်ဆန်ရရှိခဲ့ဖူးပါတယ်။ ယခုလည်း ဆန်ခါတင်စာရင်းမှာ ပါဝင်လာပြန်ပါ တယ်။ ဒီဆုကို ဗြိတိန်အခြေစိုက် Fighter Only Magazine မှ ကြီးမှူးရွေးချယ်ချီးမြှင့်မှာပါ။ World MMA Awards ဆုချီးမြှင့်ပွဲကို အောက်တိုဘာလတွင် ပြုလုပ်မည်ဖြစ်သော်လည်း ကျင်းပမယ့်နေရာကို မထုတ်ပြန်သေးပါ။         ဆုအမျိုးအစား ၂၂ ဆုထဲက အောင်လအန်ဆန်က တစ်နှစ်တာအကောင်းဆုံးနိုင်ငံတကာ ဖိုက်တာဆုရဲ့ ဆန်ခါတင် စာရင်းမှာပါဝင်နေတာပါ။ ဆုများရွေးချယ်ရာမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်နေ့ထိ ပြိုင်ပွဲများရဲ့ ရလဒ်နဲ့ ကစားသမားများရဲ့စွမ်းဆောင်ရည်တွေကို ထည့်သွင်းတွက်ချက်မယ်လို့ သိရပါတယ်။ တစ်နှစ်တာ အကောင်းဆုံး နိုင်ငံတကာဖိုက်တာဆု (International Fighter of the Year) ကို ပရိသတ်များရဲ့ မဲပေးစနစ်နဲ့ ရွေးချယ်မှာ ဖြစ်တာကြောင့် www.world mmaawards.Com/ nominess မှာ ဝင်ရောက်မဲပေးနိုင်ကြောင်း သိရှိရပါတယ်။                                                                                           


So






အခြားဆက်စပ်သတင်းများ