နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြစ်တင်ဝေဖန်မှုတွေကို နည်းပြဇီဒန်း ငြင်းဆိုပယ်ချခဲ့

ဇူလိုင်  ၉


ရီးရဲလ်အသင်း ဘီဘာအိုကို ၁-၀ နဲ့ နိုင်လိုက်တဲ့ပွဲမှာ ရီးရဲလ်ကို ဒိုင်တွေကမျက်နှာသာပေး ဘက်လိုက် နေတယ်လို့ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ ဘီဘာအိုအသင်းခေါင်းဆောင်က “မာဆယ်လိုကို ဒါနီဂါစီယာ ပြစ်ဒဏ်ကျူးလွန်သည်ဆိုကာ ဒိုင်က ရီးရဲလ်ကို ပင်နယ်တီကန်ခွင့်ပြုလိုက်ပါတယ်။ ရာအူးလ်ဂါစီယာကို သူတို့ဘက်က တက်နင်းသွားကြတာတော့ ဒိုင်တွေ VAR ပြန်မကြည့်ကြဘူး၊ လာလီဂါပြန်စပြီးနောက် ပွဲစဉ်တော်တော်များများမှာ ဒီလိုဖြစ်ရပ်တွေကို တွေ့နေရပါတယ်”လို့ မူနီယာအင်က ဝေဖန်အပြစ်တင်ခဲ့ပါတယ်။ 


ဘာစီလိုနာ နောက်ခံလူ ပီကေးကလည်း “ဒိုင်များက ရီးရဲလ်ချန်ပီယံဖြစ်လာစေရန် မျက်နှာသာပေးမှုတွေ ရှိနေတယ်”လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေ၊ စွပ်စွဲမှုတွေကို ရီးရဲလ်နည်းပြဇီဒန်းက “ကျွန်တော် တို့ ဒိုင်ကြောင့် နိုင်တာမဟုတ်ဘူး၊ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေကြောင့် အနိုင်ရခဲ့တာမဟုတ်၊ ဒီလို ဝေဖန်ပြောဆိုနေတာကို ငြီးငွေ့နေပါပြီ၊ ဒါကပြောင်းလဲသွားမှာလဲ မဟုတ်ပါဘူး။ ကျွန်တော့်ကစား သမားတွေဟာ လေးစားမှုခံရဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ဘယ်အရာကမှ ယူဆောင် သွားလို့မရပါဘူး၊ ကျွန်တော့်အသင်းဟာ စိတ်ဓာတ်ခွန် အားကို ပြသနိုင်ခဲ့ပါတယ်။ စည်းလုံးမှုရှိနေပါတယ်”လို့ တုံ့ပြန်ရင်း ပြစ်တင်ဝေဖန်မှုတွေကို ပယ်ချလိုက်ပါတယ်။                                                                       

So






အခြားဆက်စပ်သတင်းများ