နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကို တွန်းလှန်တိုက်ဖျက်ရန် တွစ်တာကုမ္ပဏီကို တည်ထောင်သူ ဂျက်ဒေါ်ဆေးက အမေရိကန်ဒေါ်လာ တစ်ဘီလျံ လှူဒါန်းမည်ဟု ကတိပြု

ဧပြီ ၈၊ ဝါရှင်တန် တွစ်တာလူမှုကွန်ရက်နှင့် Square app ကို တည်ထောင်သူ ဂျက်ဒေါ်ဆေးမှာ COVID-19 ကူးစက်ပျံ့နှံ့မှုကို တွန်းလှန်တိုက်ဖျက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံ လှူဒါန်းသွားမည်ဟု ကတိပြုခဲ့သည်။ လှူဒါန်းမည့်ငွေကြေးမှာ ဂျက်ဒေါ်ဆေး ချမ်းသာကြွယ်ဝသည့် ပမာဏ၏ ၂၈ ရာခိုင်နှုန်းနီးပါးရှိသည်ဟု ဆိုသည်။ ''အရေးတကြီး လိုအပ်ချက်တွေ ရှိလာပြီ''ဟု ဂျက်ဒေါ်ဆေးက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ သို့သော် ယင်း၏ လှူဒါန်းငွေကို မည်သည့်နေရာတွင် အသုံးပြုသွားမလဲဆိုသည့်အချက်ကို ဂျက်ဒေါ်ဆေးက အတိအကျ မပြောခဲ့ပေ။ COVID-19 ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်ပွားနေသည့် အမေရိကန်နိုင်ငံတွင် အသက်ရှူစက်နှင့် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ ပြတ်လပ်နေပြီး စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူတစ်ဦးချင်းစီမှာ စီးပွားရေးအရ ရုန်းကန်နေရသည်။ ဂျက်ဒေါ်ဆေးမှာ တွစ်တာကုမ္ပဏီထက် Square app တွင် ရှယ်ယာပိုများသည့်အတွက် Square app ရှယ်ယာများကို အသုံးပြုပြီး လှူဒါန်းသွားမည်ဖြစ်သည်။ COVID-19 ကပ်ရောဂါကို တွန်းလှန်နိုင်ပါက မိန်းကလေးများ၏ ကျန်းမာရေးနှင့် ပညာရေး၊ အားလုံးလွှမ်းခြုံပါဝင်သည့် အခြေခံဝင်ငွေဆိုင်ရာ သုတေသနပြုလုပ်မှုများအတွက် ရန်ပုံငွေ အသုံးပြုသွား မည်ဟု ဂျက်ဒေါ်ဆေးက ရေးသားထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ