နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် တစ်ရက်အတွင်း လူ ၁၇၃၆ ဦး သေဆုံး

ဧပြီ ၈၊ ဝါရှင်တန် ပြီးခဲ့သည့်အင်္ဂါနေ့က အမေရိကန်နိုင်ငံတွင် COVID-19 ‌ကြောင့် လူ ၁၇၃၆ ဦး သေဆုံးခဲ့ပြီး တစ်ရက်အတွင်း အများဆုံးလူသေဆုံးမှုအဖြစ် စံချိန်တင်ခဲ့သည်။ အမေရိကန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ အများဆုံးဖြစ်နေပြီး ကူးစက်ခံရသူ ၃၉၈၀၀၀ ကျော်ရှိကာ လူ ၁၂၇၂၂ ဦး သေဆုံးခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြသည်။ အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါကူးစက်မှု အထွတ်အထိပ်ကာလ ရောက်နေဖွယ်ရှိသည်ဟု စာနယ်ဇင်းရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်က ပြောသည်။ ပြီးခဲ့သည့်အင်္ဂါနေ့က သေဆုံးခဲ့သူပမာဏမှာ ဧပြီလ ၄ ရက်က တင်ထားသည့် ယခင်စံချိန်ဟောင်း ( လူ ၁၃၄၄ ဦး သေဆုံး)ထက် ပိုများခဲ့သည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ်အချို့က ယင်းတို့ပြည်နယ်များရှိ သေဆုံးသူအရေအတွက်ကို ပေးပို့ခြင်းမရှိသေး၍ ပြီးခဲ့သည့်အင်္ဂါနေ့ လူသေဆုံးမှုပမာဏ ပိုများလာဖွယ်ရှိသည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံသား တေးရေး၊ တေးဆို ဂျွန်ပရင်း သေဆုံးမှုမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် ဆက်နွှယ်နေသည်ဟု ကျန်ရစ်သူမိသားစုက ပြောသည်။ ပြီးခဲ့သည့်အင်္ဂါနေ့က အမေရိကန်နိုင်ငံတွင် သေဆုံးခဲ့သူများအနက် နယူးယော့ခ်ပြည်နယ်တွင် နေထိုင်သူ အများဆုံးပါဝင်နေသည်။ နယူးယော့ခ်ပြည်နယ်တွင် သေဆုံးသူ ၇၃၁ ဦး ရှိသည်ဟု ဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ