နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကိုက်အခဲပျောက်ဆေးများ ပုံမှန်သောက်ပါက ကြွက်သားများ ကြီးထွားမှုကို နှေးကွေးစေနိုင်

ဇူလိုင် ၉


Ibuprofen ဆေးအပါအဝင် အကိုက်အခဲပျောက်ဆေးများ ပုံမှန်သောက်သုံးခြင်းကြောင့် ကြွက်သားများ ကြီးထွားမှုကို ရပ်တန့်စေနိုင်ကြောင်း သုတေသီများက ပြောသည်။ ယင်းကြောင့် ကိုယ်ကာယအလှအတွက် လေ့ကျင့်ခန်းလုပ်သူများအနေဖြင့် အကိုက်အခဲပျောက်ဆေးများ မသုံးစွဲသင့်ဟု သုတေသီများကပြောသည်။

ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေသော ဆေးဝါးများသည် ကြွက်သားများ ပြန်လည်သက်သာစေမှု လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးပြီး လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားများ ပိုကြီးမားလာစေရန် တားဆီးကြောင်း ဆွီဒင်သုတေသီများက လေ့လာတွေ့ရှိသည်။


ကြွက်သားများ သန်မာလှပစေရန် အလေးမသူများအနေဖြင့် ခန္ဓာကိုယ်ရောင်ရမ်းမှုကို တားဆီးသော ဆေးဝါးများ ပမာဏများစွာ ပုံမှန်သောက်သုံးမှုကို ရှောင်ရှားသင့်သည်ဟု သုတေသီများကပြောသည်။

လေ့ကျင့်ခန်းလုပ်ခြင်း၊ အလေးမခြင်းသည် မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြထားသည်။ အရွယ်ရောက်ပြီးသူများတွင် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်း ပိုမိုကြံ့ခိုင်သူများသည် မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက် ပိုအားကောင်းကြောင်း ယင်းလေ့လာမှုကဖော်ပြသည်။


သို့သော် ခန္ဓာကိုယ်အလှအပအတွက် လေ့ကျင့်ခန်းလုပ်နေသော အမျိုးသား၊ အမျိုးသမီးများ အကိုက်အခဲ ပျောက်ဆေး အများအပြားသောက်သုံးမှုကို ရှောင်ရှားသင့်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ