နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 စတင်ကူးစက်ပျံ့နှံ့ခဲ့၍ ပိတ်ဆို့ထားသည့် ဝူဟန်မြို့ကို ပြန်လည်ဖွင့်လှစ်

ဧပြီ ၈၊ ဘေဂျင်း ကမ္ဘာ့နိုင်ငံအများအပြားတွင် COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ပိတ်ဆို့မှု(Lockdown) များ လုပ်နေရ သော်လည်း COVID-19 စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် ဝူဟန်မြို့ကို ပိတ်ဆို့မှုမှ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် စတင်ကူးစက်ပျံ့နှံ့ခဲ့သည့် COVID-19 ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူ ၁၄၃၁၇၀၆ ဦး၊ သေဆုံးသူ ၈၂၀၈၀ ဦး ရှိနေသည်။ ကျန်းမာရေး app တွင် ဂရင်းကုဒ်(Green Code) ရရှိပြီး ဝူဟန်မြို့၏ ကျန်းမာရေးကောင်းသည့် ဒေသခံများ၊ ဧည့်သည်များအနေဖြင့် ဝူဟန်မြို့မှ ထွက်ခွာခွင့် ရရှိမည်ဖြစ်သည်။ ရထားလမ်း၊ ကားလမ်း ဆက်သွယ်ရေးစနစ်များကို ပြန်လည်စတင်နေပြီဖြစ်သည်။ လူဦးရေ ၁၁ သန်း နေထိုင်သည့် ဝူဟန်မြို့မှာ ရက်သတ္တပတ် ၁၁ ပတ်ကြာ ပိတ်ဆို့ခံရပြီးနောက် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၈၁၇၄၀ ဦး ရှိနေပြီး လူ ၃၃၀၀ ကျော် သေဆုံးခဲ့သည်ဟု အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ