နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိုက်တာဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပမည့်ရက်အား ရွှေ့ဆိုင်း

ဇူလိုင်  ၉


အမေရိကန်အခြေစိုက် PGA Tour အဖွဲ့ချုပ်က လာမည့်စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့်       ရိုက်တာဖလားဂေါက်သီးရိုက်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှသာ ကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အတွင်း ကျင်းပရန် ပွဲချိန်ဇယား ရေးဆွဲထားသော်လည်း အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အတွက် ပြိုင်ပွဲကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


ယင်းပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းရန် ပရော်ဖက်ရှင်နယ်ဂေါက်သီးရိုက်ကစားသမားများက တောင်းဆိုခဲ့ ကြခြင်းဖြစ်ပြီး ကမ္ဘာ့အဆင့် (၁) ဂေါက်သီးရိုက်ကစားသမား မက်အီလ်ရွိုင်းကလည်း တောင်းဆိုသူများတွင် ပါဝင်ခဲ့သည်။

မက်အီလ်ရွိုင်းက “ပရိသတ်မပါတဲ့ ရိုက်တာဖလားဟာ ပြီးပြည့်စုံတဲ့ ပြိုင်ပွဲမဟုတ်တဲ့အတွက် ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားရခြင်းထက် ပရိသတ်တွေ တက်ရောက်ကြည့်ရှုနိုင်မယ့်ကာလကို ရွှေ့ဆိုင်းကျင်းပတာက ပိုပြီး သင့်လျော်ပါတယ်၊ ဒါကြောင့် ၂၀၂၁ ခုနှစ်ထိ ရွှေ့ဆိုင်းဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

  (သူရိန်)






အခြားဆက်စပ်သတင်းများ