နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခြေစွာနေတဲ့ ဘရိုက်တန် စိတ်ဓာတ်ပြင်းပြနေတဲ့ လီဗာပူးလ်နဲ့ အတွေ့မှာ ခြေမစွာနိုင်

ဇူလိုင်  ၉


ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘရိုက်တန်နဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာ လီဗာပူးလ်ပွဲအစ ၈ မိနစ် အတွင်းမှာပဲ ၂ ဂိုးသွင်းပြလိုက်တော့ ဘရိုက်တန်တို့ အခြေပျက်ခဲ့ရပါတယ်။ ဘရိုက်တန်အသင်းက မာကျောတဲ့အသင်းဖြစ်တာကြောင့် လီဗာပူးလ်တို့အတိုင်းအတာတစ်ခုထိတော့ အခက်အခဲတွေ့ခဲ့ပါသေးတယ်။ 

ဒါပေမဲ့ လီဗာပူးလ်ရဲ့ နိုင်လိုစိတ်ပြင်းပြမှုတွေကြောင့် ဘရိုက်တန်တို့ အခြေမလှဖြစ်ခဲ့ရတာပါ။ ဒီပွဲမှာ လီဗာပူး တိုက်စစ်မှူး ဆာလတ်က ၂ ဂိုးနဲ့ ဟန်ဒါဆန်က ၁ ဂိုးသွင်းယူခဲ့ပါတယ်။ ဒါဟာ လီဗာပူးလ်တို့ ပြိုင်ပွဲစုံ အဝေးဂိုး  ၇  နာရီ နဲ့  ၄၇ မိနစ်အချိန်ထိ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။


လီဗာပူးလ်တိုက်စစ်မှုးဆာလတ်ဟာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်ဂိုး ပါဝင်ပတ်သက်မှု အကြိမ် ၁၀၀ (၇၃ ဂိုးသွင်း၊ ၂၇ ကြိမ်ဖန်တီး) ပြည့်မြောက်သွားခဲ့ပြီး စတီဗင်ဂျရတ် (၂၁၂)ကြိမ်၊ ရော်ဘီဖောင်လာ (၁၅၈)ကြိမ်၊ မိုက်ကယ် အိုဝင် (၁၄၈) ကြိမ်တို့ရဲ့နောက် စတုတ္ထမြောက် ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှု လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။                                                                   

So






အခြားဆက်စပ်သတင်းများ