နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စွမ်းဆောင်ရည်မြင့် ဂိမ်းစနစ်များပါဝင်သည့် iQOO 3 5G ကို ကြေညာ

iQOO က Snapdragon 865 SoC အသုံးပြုထားသည့် iQOO 3 ဂိမ်းစမတ်ဖုန်းကို ကြေညာလာသည်။ အဆိုပါ ဖုန်းမှာမျက်နှာပြင် ၆ ဒသမ ၄၄ လက်မသုံးထားပြီး 20:9 Aspect Ratio နှင့် Full HD+(1080x2400px) ရုပ်ထွက် ထောက်ပံ့ထားသည်။ In-Display Fingerprint Scanner ပါဝင်ပြီး 0.31 စက္ကန့်ဖြင့် ဖုန်းဖွင့်နိုင်သည်။ ဘက်ထရီ 4400 mAh ပါဝင်ပြီး 55W Super Flash Charge Technology ဖြင့် အားသွင်းနိုင်သည်။ ၁၅ မိနစ် အား သွင်းရုံဖြင့် ဘက်ထရီ ၅၀ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။ ဂိမ်းကြာကြာ ကစားမှုကြောင့်ဖုန်း ပူခြင်းမဖြစ်ရန် Carbon Fiber VC Liquid Cooling Technology ပါဝင်သည်။ ဆော့ဖ်ဝဲပိုင်းအနေဖြင့် Android 10 OS အခြေခံ iQOO UI 1.0 သုံးထားသည်။ Multi-Turbo Technology ပါဝင်ကာ ဂိမ်းကစားစဉ် ဖုန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည်ဖြစ်သည်။ iQOO 3 ၏ Punch-Hole မှာ ရှေ့ကင်မရာ 16MP ပါဝင်ပြီး ကျော ဘက်ကင်မရာများကို ကျောဘက် ဘယ်ထောင့်မှာ ဒေါင်လိုက် ထည့်သွင်း ထားကာ 48MP f/1.79+13MP Telephoto(20x Digital Zoom)+13MP Ultrawide + 2MP Depth တို့ဖြစ်သည်။ ကျောဘက်ကင်မရာဖြင့် 2.5cm Super Macro Mode ၊ Super Night Mode ၊ Super Anti-Shake နှင့် 4K@30fps တို့ ရိုက်ကူးနိုင်သည်။ RAM12GB+256GB ပါဝင်ပြီး ၆၂၆ ဒေါ်လာ သတ်မှတ်ထား သည်။ (သူရိန်)






အခြားဆက်စပ်သတင်းများ