နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ် (၁၁) လမ်းတွင် တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်

ရန်ကုန်  ဇူလိုင်  ၉


တာမွေမြို့နယ် ကျောက်မြောင်းအတွင်းရှိ ရပ်ကွက်ပေါင်း(၇)ရပ်ကွက်မှ လမ်း ၁၁ လမ်းအား တစ်လမ်းမောင်းစနစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မဂ္ဂင်လမ်း(တောင်မှမြောက်သို့) သတိပဌာန်လမ်းမှ ဓမ္မဝိဟာရလမ်းထိ၊ ဣစ္ဆာသယလမ်း (အရှေ့မှအနောက်သို့)မြို့ပါတ်လမ်းမှ နိဂြောဓ လမ်းအထိ၊ စိတ္တသုခလမ်း (အနောက်မှအရှေ့သို့) မဂ္ဂင်လမ်းမှမြို့ပါတ်လမ်းအထိ၊ ဘယသုဒ္ဓိလမ်း (အရှေ့ မှအနောက်သို့)၊ မြို့ပါတ်လမ်းမှ နိဂြောဓလမ်းအထိ၊ ဓမ္မစိန္တာလမ်း(အရှေ့မှအနောက်သို့) မြို့ပါတ်လမ်းမှ ကျောက်မြောင်းလမ်းအထိ၊ မြို့သစ် ၁လမ်း (အရှေ့မှအနောက်သို့)အောင်မင်္ဂလာလမ်းမှကျောက်မြောင်းလမ်းအထိ ၊မြို့သစ် ၃လမ်း(အရှေ့မှအနောက်သို့) ကျောက်ရေတွင်းလမ်းမှ ကျောက်မြောင်းလမ်းအထိ၊ သုခလမ်း အရှေ့မှအနောက်သို့ (အောင်မင်္ဂလာလမ်းမှဒဂုံသီရိလမ်းအထိ)၊ အင်းဝလမ်းအနောက်မှအရှေ့သို့ (ဒဂုံသီရိလမ်းမှအောင်မင်္ဂလာလမ်းအထိ)၊ ဇဋိလလမ်း အနောက်မှအရှေ့သို့ (သမ္မာဒိဌိလမ်းမှအသောကလမ်းအထိ)ဇောတိကလမ်း အရှေ့မှအနောက်သို့ (အသောကလမ်းမှသမ္မာဒိဌိလမ်းအထိ)တို့ကို မကြာမီကာလ အတွင်း တစ်လမ်းမောင်းစနစ် စတင်ကျင့်သုံးနိုင်ရန်ဆောင်ရွက်လျက်ရှိသည်ကို ဇူလိုင် ၅ ရက်ကတွေ့ရှိရပြီး သတ်မှတ် လမ်းကြောင်းများအတိုင်း မောင်းနှင်ကြရန်အတွက် ကြိုတင်သိရှိနိုင်ရန်နှင့် အထောက်အကူဖြစ်စေရန် ရေးသား လိုက်ရပေသည်။


တစ်လမ်းမောင်းစနစ်ကို ဇူလိုင် ၁၀ ရက်မှ စတင်ကျင့်သုံးဆောင်ရွက်မည်ဖြစ်ရာ ယာဉ်မောင်းများအနေဖြင့်သတိပြု၍မောင်းနှင်ကြရန် သက်ဆိုင်ရာမှနှိုးဆော်ထားစဉ်။               


မောင်မောင်






အခြားဆက်စပ်သတင်းများ