နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှည်းကူးမြို့နယ်၌ နှာခေါင်းစီး(Mask) မတပ်ဆင်ဘဲ ထွက်ခွာသွားလာသူများကို အရေးယူ

ရန်ကုန်  ဇူလိုင်  ၉


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ နှာခေါင်းစီး (Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသူများကို ဒဏ်ငွေဆောင်ခြင်းဖြင့် အရေးယူဆောင်ရွက်ခြင်းကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီက လှည်းကူးမြို့မဈေးအတွင်း လူစည်ကားရာနေရာများဖြစ်သော ကားမှတ်တိုင်များ၊ ဆိုက်ကားဂိတ်များနှင့် ဈေးအဝင်/အထွက်အပေါက်နေရာများတွင် အဖွဲ့ ၃ ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

နှာခေါင်းစီး(Mask)များတပ်ဆင်နိုင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့်  မြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဦးမောင်မောင်ဦးတို့ဦးဆောင်၍ COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သော လှည်းကူးမြို့မဈေး အဝင်/အထွက်အပေါက် နေရာများတွင် လမ်းသွားလမ်းလာများအား နှာခေါင်းစီး(Mask)များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန်နှင့် ဈေးသူဈေးသားများအား နှာခေါင်းစီး (Mask)များတပ်ဆင်ပြီးမှ ဈေးအတွင်း သို့ဝင်ရောက်စေရန် ပညာပေးခဲ့ပြီး နှာခေါင်းစီး(Mask)မတပ်ဆင်ဘဲ ထွက်ခွာသွားလာနေသူ အမျိုးသား(၃၃)ဦးနှင့် အမျိုးသမီး(၈)ဦး၊ စုစုပေါင်း(၄၁)ဦးတို့အား ဒဏ်ငွေဆောင်ခြင်းဖြင့် ပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် တစ်စုံတစ်ရာ အရေးကြီးကိစ္စများ ပေါ်ပေါက်လာပါက နှာခေါင်းစီး(Mask)များ တပ်ဆင်ပြီးမှသွားလာရန်၊ Hand Gel များဖြင့် လက်ကို မကြာခဏဆေးကြောသန့်စင်ရန် သတ်မှတ်ဦးရေထက် ပိုမိုစုဝေးခြင်းမပြုရန် ပညာပေးနှိုးဆော်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။                                                                                                                                                                       

 နိုင်လင်း(လှည်းကူး)






အခြားဆက်စပ်သတင်းများ