နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတ္တမတန်းပထဝီသင်ရိုးညွှန်းတမ်း အမှားပြင်ပေးရန် ကရင်နီတိုင်းရင်းသားများတောင်းဆို

လွိုင်ကော်၊ ဇူလိုင် ၉


ကျောင်းသားများကိုသင်ကြားသောဖတ်စာအုပ်တွင် ကယား(ကရင်နီ)တိုင်းရင်းသားလူမျိုးစုများ၏ အမည်နှင့် ရိုးရာယဉ်ကျေးမှုများကိုမှားယွင်းဖော်ပြထားခြင်းကြောင့် ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုနေ ကြောင်းသိရသည်။

သတ္တမတန်းပထဝီဝင်ဘာသာရပ် သင်ရိုးညွန်းတမ်းအသစ်တွင်ပါရှိသောကယန်းဆိုသည့် စာလုံးပေါင်း သတ်ပုံနှင့်ဂေဘားဆိုသည့်စာလုံးပေါင်းသတ်ပုံအပြင် ကယားမျိုးနွယ်စု ၉ မျိုးအတွင်းက ဇယိမ်း၊ ဂေခို၊ ကယန်း(ပဒေါင်း)၊ ယင်းဘော်ဆိုသည့် မျိုးနွယ်စုလေးစုကမှားနေကြောင်းပြောသည်။

ဇယိမ်း၊ ဂေခို၊ကယန်း(ပဒေါင်း)၊  ယင်းဘော် ဆိုသည့်မျိုးနွယ်စုလေးစုက ကယန်းမျိုးနွယ်စုတစ်ခုတည်းသာ ဖြစ်သည်ဆိုခြင်းကို ကယန်းတစ်မျိုးသားလုံးက သတ်မှတ်ထားခဲ့ပြီးဖြစ်သည့်အတွက် ထပ်ခွဲထည့်ထား ခြင်းကမှားယွင်းနေကြောင်း LAIN Technical Support Group ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ထင်အောင်က ထောက်ပြ ပြောဆိုခဲ့သည်။


LAIN Technical Support Group ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ထင်အောင်က “အဲဒီထဲကစာမျက်နှာ ၃၁-၃၂ မှာ ကျွန်တော်တို့ ကယားလူမျိုးဆိုတဲ့ဟာကိုသုံးနှုန်းပြီးတော့မှ ဒီကယား ၉ မျိုးဆိုတဲ့ဟာကိုရေးထား တယ်ပေါနော်။ အဲလိုရေးထားတဲ့ထဲမှာဒီပြည်နယ်မှာရှိနေတဲ့ ကယန်းကိုနသတ်(န်) နဲ့ယန်းရမယ့်ဟာကို (မ်) နဲ့ယမ်းထားတယ်။ ဂေဘားဆိုတဲ့နေရာမှာလည်းဂေပါး (ပါး) ဆိုပြီးတော့ သုံးနှုန်းထားတယ်နော်။ ၉ မျိုးမှာ နှစ်မျိုးမှားနေတယ်။ ပြီးတော့ ၂၀၁၇ ခုနှစ်မှာကတည်းကကယန်းမျိုးနွယ်စုလေးခုသည် ကယန်းတစ်မျိုးတည်းပဲ ဖြစ်တယ်ဆိုတဲ့ဟာကိုကယန်းအဖွဲ့အစည်းအသီးသီးကနေပြီးတော့ လက်မှတ်ရေးထိုးပြီးတော့ ညီလာခံကိုလူထောင်ချီကျင်းပထားပြီးထုတ်ပြန်ထားပြီးတော့မှ အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ တင်ထားပြီးသား ဖြစ်တယ်”ဟုပြောခဲ့သည်။

ကယန်းမျိုးနွယ်စု လူမျိုးတစ်မျိုးတည်းသာရှိရမည်ဖြစ်ပြီး လက်ရှိမူလမျိုးနွယ်စုခွဲလေးစုကိုလည်း မူလ သတ်မှတ်ချက် ၁၃၅ မျိုးအတွင်းကအတိုင်းဖော်ပြထားကြောင်းသိရသည်။


၂၀၁၇ ခုနှစ်ကကယန်းမျိုးနွယ်စုလေးမျိုးပေါင်းမှ ကယန်းတစ်မျိုးတည်းဖြစ်ကြောင်းကို ကယန်းအဖွဲ့ အစည်းအသီးသီးက လူထောင်ချီပါဝင်သော ညီလာခံကျင်းပပြီး ဆန္ဒပြုလက်မှတ်ရေးထိုးကာအစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို တင်ထားကြောင်း ပြောသည်။

လက်ရှိသင်ရိုးညွန်းတမ်းအတွင်း မှားယွင်းစွာသင်ကြားမည်ဆိုလျှင် အနာဂတ်ကလေးများအတွက် အမှတ်မှားသွားနိုင်ပြီး တိုင်းရင်းသားအချင်းချင်းကြားတွင်လည်း သွေးကွဲမှုများ ဖြစ်လာနိုင်ကြောင်း ကယန်းစာပေယဉ်ကျေးမှုကော်မတီယဉ်ကျေးမှုတာဝန်ခံ ဒေါ်ရင်မေက ပြောသည်။

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ