နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချင်းပြည်နယ်ကအတည်ပြုလူနာအားလုံးပိုးကင်းစင်ခြင်းကြောင့် ဆေးရုံဆင်းခွင့်ရ

တီးတိန်၊ ဇူလိုင် ၉


အတည်ပြုလူနာအမှတ် (၂၃၂) ပိုးကင်းစင်သွားခြင်းကြောင့် ဇူလိုင် ၇ ရက်က ဟားခါးပြည်သူ့ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပြီး ပြည်နယ်အတွင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသောလူနာမရှိကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်းလွန်မင်ထန်က ပြောသည်။

ကပ်ဘေးကာလအတွင်း မြန်မာနိုင်ငံ၏ပထမဆုံးအတည်ပြုလူနာတက်ရောက်ခဲ့သော တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ပိုးတွေ့လူနာခုနှစ်ဦးအထိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဟားခါးပြည်သူ့ဆေးရုံတွင် တစ်ဦးရှိခဲ့ပြီး၊ မင်းတပ်နှင့် ထန်တလန်မြို့မှ တစ်ဦးစီရှိခဲ့ခြင်းဖြစ်ပြီး၊ အတည်ပြုလူနာ ၁ဝ ဦးစလုံး ပိုးကင်းစင်သွားခြင်းကြောင့် နေအိမ်ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ရေးအတွက် နယ်စပ်ဂိတ်များပိတ်ထားခြင်းကြောင့် အိန္ဒိယဘက်သို့ရောက်ရှိနေသောချင်းတိုင်းရင်းသားများနေရပ်ပြန်လာ၍ မရသေးကြောင်း သိရသည်။


ယင်းတို့နေရပ်ပြန်လာလျှင် ကနဦးရက်များတွင် သတ်မှတ်ကာလအတိုင်း အသွားအလာကန့်သတ်ထားရန် နေရာအခက်အခဲရှိနေကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ရိခေါ်ဒါရ်နှင့်ကျီးခါး တရားဝင်နယ်စပ်ဂိတ်နှစ်ခုလုပ်ထားပြီး အိန္ဒိယမှ နေရပ် ပြန်လာချင်သူများသည် ယင်းတို့၏ မှတ်ပုံတင်နံပါတ်အပြင် အမည်စာရင်းများပေးသွင်းရမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောသည်။

မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ