နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကြောင့် မိုးပျံလမ်းစီမံကိန်း တင်ဒါနောက်ဆုံးရက် ဇွန်လကုန်ထိ ထပ်မံရွှေ့ဆိုင်းထား

ရန်ကုန် ၊ ဧပြီ ၈ မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာတွေ့ရှိပြီးနောက်ပိုင်း မိုးပျံလမ်းစီမံကိန်း တင်ဒါနောက်ဆုံးရက်ကို ဇွန်လကုန်ထိ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ “ အစတုန်းကတော့ သူတို့နိုင်ငံတွေပဲဖြစ်တာ။ အခုကျတော့ မြန်မာနိုင်ငံလည်း ကိုရိုနာဗိုင်းရပ်စ်(Covid-19) ဖြစ်နေတယ်ဆိုတော့ ဇွန်လကုန်ထိရွှေ့လိုက်တယ်။ လေကြောင်းလိုင်းတွေက ပိတ်ထားတာဆိုတော့ သူတို့ကိုခေါ်ဖို့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ဟိုဘက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။ ရန်ကုန်မိုးပျံလမ်းစီမံကိန်းအတွက် နောက်ဆုံးအဆင့်တင်ဒါယှဉ်ပြိုင်ရမည့် ကုမ္ပဏီ (၁၀) ခုမှာ လက်ရှိအခြေအနေတွင် အဆင်သင့်ဖြစ်နေသော်လည်း မြန်မာနိုင်ငံဘက်မှ နိုင်ငံတကာလေကြောင်းလိုင်းများဆင်းသက်ခွင့်ကို ပိတ်ခဲ့ပြီးနောက်ပိုင်း ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လွယ်ကူစွာ သွားနိုင်ရန်အတွက် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းပိုင်းအရှည်မှာ ၄၇ ဒဿမ ၅ ကီလိုမီတာ အရှည်ရှိကာ တစ်ကီလိုမီတာလျှင် ကန်ဒေါ်လာ သန်း ၃၀ ကုန်ကျမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ယခင်အစိုးရလက်ထက်တွင် စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ