နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ထမ်းကြိုပို့ဘတ်စ်ယာဉ်မောင်းများ စနစ်တကျလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများကို မှာကြား

ရန်ကုန် ၊ ဧပြီ ၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းကြိုပို့ဘတ်စ်ယာဉ်မောင်းများအနေဖြင့် ဌာနမှူး ဦးစံရွှေထွန်းမှ လှူဒါန်းသော 3 Layer Silicon Mask များ တပ်ဆင်မောင်းနှင်ရန်နှင့် သင်္ကြန်ရုံးပိတ်ရက်များ အတွင်း ဝန်ထမ်းများနှင့် မိသားစုများအတတ်နိုင်ဆုံး ပြင်ပသို့သွားလာခြင်းမပြုဘဲ နေအိမ်များအတွင်းသာ နေထိုင်ကြရန်နှင့် ဌာနမှလုပ်ငန်းလိုအပ်ချက်ရှိ၍ ယာဉ်မောင်းနှင်ရန်ဆက်သွယ်ပါက အဆင်သင့်ဖြစ်နေစေရန် နှင့် သင်္ကြန်ကာလပြီးဆုံးပြီးနောက် ရုံးများပြန်ဖွင့်သည့်အခါ ကြိုပို့တာဝန်များ အဆင်ပြေစွာမောင်းနှင်ထမ်း ဆောင်နိုင်ရေးအတွက် ယာဉ်ကြံ့ခိုင်ရေး၊ သန့်ရှင်းရေးများ ကြိုတင်ဆောင်ရွက်ထားရန် ယာဉ်မောင်းဝန်ထမ်း များအနေဖြင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း တိတိကျကျလိုက်နာမောင်းနှင် ရန်နှင့် တာဝန်ချိန်အတွင်း မူးယစ်သောက်စား၍ မောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ရန် ဌာနစုမှူး တာဝန်ခံ အရာရှိ ဦးမြင့်သိန်းက ဧပြီ ၇ ရက်က မှာကြားခဲ့စဉ်။ (NWA)






အခြားဆက်စပ်သတင်းများ