နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဂျင်တီးနားစတားမက်ဆီ ဘရားဇီးစတားကို ရွေးမှာလား၊ နည်းပြဇာဗီကိုရွေးမှာလား

ဇူလိုင် ၈


တစ်ချိန်က ဘာစီလိုနာရဲ့မင်းသားလေး၊ ဘရာဇီးစတား နေမာကို နောက်ရာသီမစတင်မီမှာ  ပြောင်းရွှေ့ခွင့်ပြု လိုက်မယ်လို့ PSG  အသင်းဘက်က သဘောတူလိုက်ကြောင်း ကြေညာမောင်းထုလိုက်တယ်လို့ be IN Sport က ဖော်ပြ ထားတာ တွေ့လိုက်ရပါတယ်။ အသက် ၂၈ နှစ်ရှိတဲ့ ဘရာဇီးစတား နေမာဂျူနီယာရဲ့ အိမ်ပြန်ခရီးစတင်ဖို့ တစ်ရာသီခန့် ကြန့်ကြာနေခဲ့ပါတယ်။ ဘာစီနဲ့ PSG နှစ်သင်းကြားမှာလည်း ပြဿနာအချို့ပေါ်ပေါက်ခဲ့ပါတယ်။


ခုတော့ PSG ဘက်က ဘရာဇီးစတားကို ယူရိုသန်း ၁၇၀ လောက်ရရင် ထွက်ခွာခွင့်ပြုမယ်လို့ သဘောတူလာပါတယ်။ နေမာကို  ၂၀၁၇ ခုနှစ်တုန်းက ယူရို  ၂၂၂  သန်းနဲ့ဘာစီကို PSG တို့ ပေးချေခေါ်ယူခဲ့တာပါ။ လက်ရှိ ဘာစီလိုနာမှာကလည်း နည်းပြအနေနဲ့ အသင်းသားဟောင်း နည်းပြဇာဗီတစ်ယောက် ရောက်ရှိဖို့လည်း ရှိ နေပါတယ်။ နေမာကို ပြန်ခေါ်ချင်နေတာကလည်း အာဂျင်တီးနားစတား ဘာစီရဲ့ ပဲ့ကိုင်ရှင် မက်ဆီရဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့်ပါပဲ။ နေမာပြန်လည်ရောက်ရှိလာရင် မက်ဆီရဲ့အပြောင်းအရွှေ့လှုပ်ခတ်မှုလည်း ငြိမ်သက်သွားမယ်လို့ အားလုံးကထင်နေကြပါတယ်။


နေမာခေါ်ယူရေးအတွက် မက်ဆီနဲ့ ဘာစီဘုတ်အဖွဲ့ဝင်တွေ ကတောက်ကဆဖြစ်ခဲ့ရပါသေးတယ်။ ခုတော့ ဘာစီကို နည်းပြဇာဗီကော၊ ဘရာဇီးစတားနေမာကော ပြန်လည်ရောက်ရှိဖို့အခွင့်အလမ်းတွေပွင့် ထွက်လာပါပြီ။ တကယ်လို့ မက်ဆီအနေနဲ့ နည်းပြဇာဗီနဲ့ စတားနေမာတို့အထဲက တစ်ဦးသာရွေးရမယ်ဆိုရင် ဘယ်သူ့ကိုရွေးမလဲဆိုတာကို လာလီဂါဥက္ကဋ္ဌတောင် အလွန်စိတ်ဝင်စား နေပါတယ်။

So






အခြားဆက်စပ်သတင်းများ