နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာရသွန်အပြေးသမား ဝီလ်ဆင်ကစ်ပ်ဆန်း တားမြစ်ဆေးစည်းမျဉ်းများ ချိုးဖောက်မှုဖြစ်ပွား

ဇူလိုင် ၈


ကမ္ဘာ့မာရသွန်စံချိန်ရှင်ကောင်း ဝီလ်ဆင်ကစ်ပ်ဆန်းသည် တားမြစ်ဆေးစည်းမျဉ်းများကို ချိုးဖောက်မှု အတွက် လေးနှစ်ပိတ်ပင်သော ပြစ်ဒဏ်ခံခဲ့ရသည်။

လန်ဒန်မာရသွန်ချန်ပီယံ နှစ်ကြိမ်ရခဲ့သူ အသက် ၃၈ နှစ်ရှိ ကင်ညာနိုင်ငံသား ကစ်ပ်ဆန်းသည် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်မေလအတွင်း လေးကြိမ်တိုင်တိုင် တားမြစ်ဆေးအစစ်ဆေးခံရန် ပျက်ကွက်ခဲ့ကြောင်း ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က ပြောကြားခဲ့သည်။


၂၀၁၉ ခုနှစ် မေလက မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားမှုကြောင့် တားမြစ်ဆေးစစ်ဆေးမှုလွဲချော်ရကြောင်း ဓာတ်ပုံတစ်ပုံကိုတင်ပြခဲ့သော်လည်း ယင်းမတော်တဆမှုသည် ၂၀၁၉ ခုနှစ်သြဂုတ်လမှာသာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 ထို့ကြောင့် ဆေးစစ်ခံရန်ပျက်ကွက်မှုနှင့် မှားယွင်းသောအထောက်အထား၊ သက်သေများတင်သွင်းခဲ့မှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစ၍ တားမြစ်ပိတ်ပင်ခဲ့ကြောင်း ကမ္ဘာ့ပြေးခုန်ပစ်စည်းကမ်းထိန်းသိမ်းရေးရုံးက  ထုတ်ပြန်ကြေညာခဲ့သည်။                                                                                             

 (SO)






အခြားဆက်စပ်သတင်းများ