နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေလင်ပန်းစက်မှုဇုန်ရှိ ပြောင်းရွှေ့နေထိုင်သူများအား စားသောက်ကုန်ပစ္စည်းများ ပေးဝေလှူဒါန်း

ရန်ကုန် ဧပြီ ၈ လှိုင်သာယာစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံအများဆုံးတည်ရှိပြီး အဆိုပါ အထည်ချုပ်စက်ရုံများကို အမှီပြုနေထိုင်လျက်ရှိသော ရွှေ့ပြောင်းနေထိုင်သူများအား ဧပြီ ၇ ရက် နံနက် ၁၀ နာရီက ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၊ စက်မှုဇုန်စက်ရုံလုပ်ငန်းရှင်များနှင့် စေတနာရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန် ပစ္စည်းလေးမျိုးကို အိမ်ထောင်စု ၂၂၂၃ စုအား ပေးဝေခဲ့ကြောင်း သိရသည်။ မတ်လ ၃၀ ရက်က ရွှေလင်ပန်းစက်မှုဇုန်ကော်မတီနှင့် အလှူရှင်တို့ စုပေါင်း၍ အိမ်ထောင်စု ၂၅၀၀ အား စားသောက်ကုန်လေးမျိုးနှင့် ကာပေါ်လစ်ဆပ်ပြာတစ်တောင့်တို့လှူဒါန်းခဲ့ပြီး တန်ခူးလပြည့်နေ့ တွင် အိမ်ထောင်စု ၂၂၂၃ စုအား တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်၊ ဆီ ၅၀ သား၊ ဆားတစ်ထုပ်နှင့် ကြက်ဥငါးလုံးပေးဝေကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် စက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက COVID-19 ရောဂါအား နိုင်ငံတော်မှ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း မိမိတို့နေအိမ်၌ နေထိုင်ခြင်းဖြင့် ဝိုင်းဝန်း လက်တွဲကူညီရန် အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။ ယနေ့တွင် အိမ်ထောင်စု ၂၂၂၃ စုအတွက် မက္ခရာမင်းသားကြီးလမ်း၊ ဦးရွှေအိုးလမ်းနှင့် ကနောင် မင်းသားကြီးလမ်းတွင်လည်းကောင်း၊ Danko ဆီဆိုင်ရှေ့ကနောင်လမ်း၊ ဦးဖိုးလှိုင်လမ်း၊ ဦးမှိုလမ်းနှင့် တော်ဝင်နှင်းဆီအိမ်ရာလမ်းတွင်လည်းကောင်း၊ ဦးမြဲလမ်းနှင့် မီးသတ်ကန်လမ်းတွင်လည်းကောင်း၊ စက်ဆရာဦးညွှန်လမ်းစသော နေရာလေးနေရာတွင် တစ်ပြိုင်တည်းအိမ်တိုင်ရာရောက်ပေးဝေခဲ့ပြီး ရွှေလင်ပန်း စက်မှုဇုန်စီမံခန့်ခွဲရေးရုံး၊ ဦးအောင်စိန်(ရာစုသစ်တံဆိပ်ရိုက်စက်ရုံ)၊ ဦးရဲဇော်ခန့်၊ ဦးသားဖြိုးနှင့် ဒေါ်မြသီတာစိုး(ကွန်ပျူတာတက္ကသိုလ်)၊ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း၊ MIA မြန်မာနိုင်ငံဆီလုပ်ငန်းရှင် များအသင်း၊ ဦးမင်းရဲထွဋ်အောင် (ငွေကြယ်အထည်ချုပ်စက်ရုံ)၊ ဦးနေလင်းဇင်(ရွှေလဝန်းဆန်စက်)၊ ဦးအေးသောင်း (HTT အထည်ချုပ်စက်ရုံ၊ ဦးဇော်လင်း(ထူးသစ်အစာတောင့်စက်ရုံ)၊ ဦးဌေးဝင်း (Top သီဟိုစေ့ စက်ရုံ)တို့က စုပေါင်း၍ ရွှေ့ပြောင်းနေထိုင်သူ (ကျူးကျော်)တို့အား အခြေခံစားသောက်ကုန်ပစ္စည်းများကို ပေးဝေလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (၁၁၂)






အခြားဆက်စပ်သတင်းများ