နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ

 ရန်ကုန်  ဇူလိုင်  ၈


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် အဖွဲ့သည် ကိုကိုးကျွန်းမြိုနယ်ရှိ ဌာနဆိုင်ရာများနှင့် ဇူလိုင် ၇ ရက်၊ နံနက် ၈ နာရီခွဲ တွင်     မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တွေ့ဆုံခဲ့သည်။ 

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် ပြောကြား ပြီး မြို့နယ်အတွင်း ၂၄ နာရီ မီးရရှိရေးအတွက် ဆိုလာတပ်ဆင်နိုင်ရေးနှင့် မြို့နယ်လူထုတိုးပွားလာခြင်းအတွက် မြေနေရာချထားပေးနိုင်ရန် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။


ထို့နောက် မြို့နယ်အတွင်းရှိ တိုင်းဒေသကြီး ဘတ်ဂျက်နှင့် ဆောက်လုပ်လျက်ရှိသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးကို ကွင်းဆင်းစစ်ဆေးပြီး ဆိုလာစနစ်ဖြင့် မီးပေးနိုင်ရန် လျာထားမြေနေရာနှင့် တိုးချဲ့မြေကွက် ချထားနိုင်ရေးမြေနေရာတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။                                                         


တင်နိုင်ဝင်း(တံတား)






အခြားဆက်စပ်သတင်းများ