နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါ၏ထိခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် (CERP) သင်တန်း ၆ မျိုးဖွင့်လှစ်

ကြို့ပင်ကောက် ဇူလိုင် ၈


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် COVID-19 ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ သက်သာစေရန်အတွက် တိရစ္ဆာန်မွေးမြူရေးသင်တန်း ၆ မျိုးကို ဇူလိုင်လ ၈ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။


နွားမေထုန်မဲ့သားစပ်နည်းသင်တန်း၊ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း၊ ကျွဲ နွားမွေးမြူ ရေးသင်တန်း၊ သိုးဆိတ်မွေးမြူရေးသင်တန်း၊ ဝက်မွေးမြူရေးသင်တန်းနှင့် ကြက်မွေးမြူရေး သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း(၆)မျိုးဖွင့်လှစ်ပေး ရခြင်း၏ရည်ရွယ်ချက်မှာ  ''တိရစ္ဆာန် မွေးမြူရေးလုပ်ကိုင်သူများကို တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်မှုများ သိရှိစေရန်၊ ကောင်းမွန်သည့်တိရစ္ဆာန် မွေးမြူနည်းလမ်းများကို သိရှိစေရန်၊ COVID-19 ရောဂါ၏ထိခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျေးရွာနေပြည်သူတွေကိုပံ့ပိုးပေးနိုင်ဖို့၊ ကျေးလက်နေပြည်သူများ မွေးမြူရေးကဏ္ဍကနေဝင်ငွေရရှိပြီး မွေးမြူရေးလုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ချက်များ ဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း'' မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းအေးသူက ပြောသည်။


အဆိုပါသင်တန်းများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာ ငြိမ်းအေးသူနှင့် ဝန်ထမ်းများက တစ်မျိုးကို သင်တန်းသား ၁၀၀ ဦးစီ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကျန်ရှိသည့် သင်တန်းများကိုလည်း စက်တင်ဘာလ ၁၅ ရက်နေ့အထိကျေးရွာများအရောက် သွားရောက်ဖွင့်လှစ်ပြီး သင်တန်းခေါင်းစဉ်များအလိုက် စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)






အခြားဆက်စပ်သတင်းများ