နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ၏လုပ်ရပ်များက အမေရိကန်အနာဂတ်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်နေဟု ဆို

ဇူလိုင် ၈၊ ဝါရှင်တန်


တရုတ်အစိုးရ၏ သူလျှိုလုပ်မှု၊ ငွေကြေးနှင့်အချက်အလက်ခိုးယူရေး လှုပ်ရှားမှုများမှာ အမေရိကန်နိုင်ငံ အနာဂတ်အတွက် အကြီးမားဆုံးရေရှည်ခြိမ်းခြောက်မှုဖြစ်နေသည်ဟု FBI ဒါရိုက်တာက ပြောသည်။


တရုတ်အစိုးရမှာ ပြည်ပရှိ တရုတ်နိုင်ငံသားများကို စတင်ပစ်မှတ်ထားလာပြီး တရုတ်နိုင်ငံထံ ပြန်လာရန် အကြပ်ကိုင်ခြိမ်းခြောက်လျက်ရှိကာ အမေရိကန်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် သုတေသနများကို ထိခိုက်အောင်လုပ်နေသည်ဟု ခရစ္စတိုဖာဝရေးက ပြောသည်။ '' ဒီထက်ပိုကြီးတဲ့ အလျော်အစားမရှိနိုင်ပါဘူး။ တရုတ်နိုင်ငံက ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ကမ္ဘာ့တစ်ခုတည်းသော စူပါပါဝါနိုင်ငံဖြစ်လာအောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေပါတယ်။ FBI က တရုတ်နိုင်ငံရဲ့ တန်ပြန်ထောက်လှမ်း ရေးနဲ့ပတ်သက်ပြီး ၁၀ နာရီခြားတစ်ခါလောက် အမှုသစ်ဖွင့်နေရတဲ့ အခြေအနေဖြစ်နေတယ်''ဟု ခရစ္စတိုဖာဝရေးက ပြောသည်။ 

တရုတ်အစိုးရကို ခြိမ်းခြောက်နေသည်ဟု သတ်မှတ်ထားသည့် ပြည်ပရောက် တရုတ်နိုင်ငံသားများကို '' မြေခွေးအမဲလိုက်မှု''ဆိုသည့် စီမံကိန်းဖြင့် တရုတ်နိုင်ငံထံ ပြန်ရောက်လာအောင် လုပ်ဆောင်နေပြီး အဆိုပါစီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဦးဆောင်နေသည်ဟု ခရစ္စတိုဖာဝရေးက ဆိုသည်။


ဝါရှင်တန်မြို့ရှိ ဟတ်ဒ်ဆန်အင်စတီကျူ့စ်တွင် တစ်နာရီနီးပါး ကြာမြင့်သည့် မိန့်ခွန်းပြောကြားမှု၌ FBI ဒါရိုက်တာ ခရစ္စတိုဖာဝရေးက တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှု၊ တရုတ်နိုင်ငံ၏ လက်တံရှည် သည့် စီးပွားရေးသူလျှိုလုပ်မှု၊ ဒေတာနှင့် ငွေကြေး ခိုးယူမှု၊ တရားမဝင် နိုင်ငံရေးလှုပ်ရှားမှု၊ လာဘ်ငွေနှင့် ခြိမ်းခြောက်မှုကို အသုံးပြုပြီး အမေရိကန်နိုင်ငံ၏ မူဝါဒအပေါ် လွှမ်းမိုးနေခြင်းများကို မီးမောင်းထိုးပြခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ