နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် ကျောင်းသားများလိုက်ပါလာသည့် ဘတ်စ်ကား ရေလှောင်တမံထဲ ထိုးကျခြင်းကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံး

ဇူလိုင် ၈၊ ဘေဂျင်း


တရုတ်နိုင်ငံတွင် ဘတ်စ်ကားတစ်စီး ရေလှောင်တမံထဲ ထိုးကျခဲ့သည့်ဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီး လူ ၁၅ ဦး ဒဏ်ရာရခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့က ကွေ့ကျိုးပြည်နယ်၊ အန်ရွှန်းမြို့က တံတားတစ်စင်းပေါ်တွင် မောင်းနှင်နေစဉ် အရံအတားများကို ဝင်တိုက်ပြီး ရေလှောင်တမံထဲသို့ ဘတ်စ်ကား ထိုးကျခဲ့ခြင်းဖြစ်သည်။ ကောင်းခေါင်(gaokao) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသားများလည်း အဆိုပါဘတ်စ်ကားပေါ်တွင် လိုက်ပါခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ယာဉ်မတော်တဆမှု ဖြစ်ရသည့် အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။


အဆိုပါဖြစ်ရပ်တွင် သေဆုံးခဲ့သည့်ဘတ်စ်ကားယာဉ်မောင်းမှာ ၁၉၉၇ ခုနှစ်ကတည်းက ယင်းလမ်းကြောင်းတွင် မောင်းနှင်ခဲ့သူဖြစ်သည်ဟု ရှင်ဟွာသတင်းဌာနက ဖော်ပြသည်။ ယာဉ်မတော် တဆမှုဖြစ်ပွားချိန်တွင် အဆိုပါဘတ်စ်ကားပေါ်၌ လူမည်မျှ လိုက်ပါလာသည်ဆိုခြင်းနှင့် ကျောင်းသား မည်မျှပါသည်ဆိုခြင်းကို တိတိကျကျ မသိရသေးပေ။ ပြီးခဲ့သည့်အင်္ဂါနေ့ မွန်းလွဲပိုင်းက အဆိုပါဘတ်စ်ကားကို ရေလှောင်တမံထဲမှ ဆယ်ယူခဲ့ကြသည်။ ပြီးခဲ့သည့်အင်္ဂါနေ့နှောင်းပိုင်းအထိ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လုပ်နေသည်ဟု ကွေ့ကျိုးမီးသတ်ဌာနက အတည်ပြုခဲ့သည်။ ရေငုပ်သမား ၁၉ ဦးအပါအဝင် မီးသတ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၄၁ ဦးက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ