ရန်ကုန် ဇူလိုင် ၈
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးရည်ရွယ်ကာ နိုင်ငံတော်က ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများကို ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစတင်ကာ နှစ်စဉ်မေလနောက်ဆုံးရက်သတ္တပတ် မေ ၂၅ ရက် မှ ၃၁ ရက်ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သည်။ ယခုအခါ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကြောင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများတွင် ထိခိုက်ကျဆင်းလျက်ရှိ သည်။
ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံးအရည်အသွေးရှိသော ပညာယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံးဝိုင်းဝန်းကူညီစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး အထက်တန်းအဆင့်ကို ဇူလိုင် ၁၃ မှ ၁၇ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စည်းရုံးလှုပ်ရှား ဆောင်ရွက်ကြမည်ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်လာကြသည်။ ယင်းသို့ ကျောင်းနေနိုင်အောင်လည်း နိုင်ငံတော်အစိုးရသာမက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပံ့ပိုးကူညီပေးခဲ့သည်။ ကျောင်းထွက်သူများ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များကို အဆင့်ဆင့် ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် မိဘများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းသားဦးရေတိုးတက်များပြားလာခြင်းကြောင့်လည်းကောင်း၊ ကျောင်း အပ်နှံနှုန်းမြင့်မားလာခြင်းကြောင့်လည်းကောင်း၊ ထပ်ကျော့ကျောင်းအပ်နှံခြင်းကြောင့်လည်း ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များကိုလုံလောက်စွာ ဖြန့်ဝေပေးလိုသဖြင့် မြို့နယ်အလိုက် သတ်မှတ်နေရာများတွင်သာ ကျောင်း အပ်နှံကြရန် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။
ပါးစပ်နှင့်နှာခေါင်း Mask နှင့် မျက်နှာအကာ (Face Shield) များကို ကျောင်းသား၊ ကျောင်းသူများ ညွှန်ကြားချက်များအတိုင်း စနစ်တကျတပ်ဆင်ပြီး သင်ယူ နိုင်ရေး ပူးပေါင်းကူညီရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လက်ကို ရေနှင့် ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာ အောင် လိုအပ်သည့်အခါတိုင်း စနစ်တကျ မကြာခဏ ဆေးကြောရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ် သည်။ မိဘများအနေဖြင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ရန်နှင့် အကြုံပြုရန်လည်း လိုအပ်ပေသည်။ နိုင်ငံတော်မှ ဆင်းရဲချမ်းသာမရွေး လူတိုင်းအတွက် ပညာရေးကို အလေးပေးလာခြင်းကို ပူးပေါင်းပါဝင် ဆောင်ရွက်စေချင်ကြောင်း ။ ။