နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 လူနာအမှတ်(၁၆)နှင့် (၁၇) ကွယ်လွန်

ရန်ကုန် ဧပြီ ၈ COVID-19 ရောဂါအတည်ပြုလူနာ အမှတ်(၁၆) အမျိုးသမီးနှင့် အမှတ်(၁၇) ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့ဟာ ဒီနေ့မနက်ပိုင်းမှာပဲ ကွယ်လွန်သွားကြပြီဟု သက်ဆိုင်ရာတာဝန်ရှိသူများက အတည်ပြုပြောကြားသည်။ လူနာအမှတ်(၁၇)သည် နံနက် ၃ နာရီ ၄၀ မိနစ်က အထူးကြပ်မတ်ကုသပေးလျက်ရှိသည့် ပြည်ဆေးရုံ တွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး လူနာအမှတ်(၁၆)သည် နံနက် ၁၀ နာရီ ၅ မိနစ်က ဝေဘာဂီဆေးရုံ၊ အထူး ကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ ''လူနာအမှတ်(၁၆) ကွယ်လွန်သည်မှာ မှန်ကန်ပါသည်။ လူနာအမှတ်(၁၇)ကွယ်လွန်သည်မှာ မှန်ကန်ပါ သည်''ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ယင်း၏ Facebook စာမျက်နှာမှတစ်ဆင့် အတည်ပြုပြောကြားထားသည်။ ယခုကဲ့သို့ ကွယ်လွန်သွားကြသည့် COVID-19 ရောဂါ အတည်ပြုလူနာနှစ်ဦးစလုံးတွင် သွေးတိုး၊ ဆီးချို ရောဂါအခံများ ရှိနေပြီး ကွယ်လွန်ကြချိန်တွင် လူနာအမှတ်(၁၆)သည် အသက် ၆၃ နှစ်၊ လူနာအမှတ်(၁၇)သည် ၄၇ နှစ်ရှိပြီ ဖြစ်သည်။ လူနာအမှတ်(၁၇)သည် ဇနီးဖြစ်သူ လူနာအမှတ်-၁၅(ပုဂ္ဂလိကဆေးရုံမှ သူနာပြု)ဆီမှ ကူးစက်ခဲ့ခြင်း ဖြစ်ပြီး ယင်းတို့၏ သားဖြစ်သူ အသက်(၁၀)နှစ်၊ သမီးဖြစ်သူ အသက်(၈)နှစ်၊ တူမဖြစ်သူ အသက်(၁၈)နှစ်တို့ တွင်လည်း ရောဂါပိုးတွေ့ရှိထားသည့်အတွက် ပြည်ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်။ လူနာအမှတ်(၁၆)သည် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဒူဘိုင်းမှ ပြန်လာသည့် သားဖြစ်သူကို ရန်ကုန်လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် တည်းခိုနေထိုင်ခဲ့သည်။ ထိုသို့တည်းခိုနေထိုင်စဉ် မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်းများကို ခံစားလာရသည့် အတွက် မတ် ၃၁ ရက်တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့ရပြီး COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရသည့်အတွက် ဝေဘာဂီဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ရခြင်းဖြစ်သည်။ ယခုကဲ့သို့ ကွယ်လွန်သွားခဲ့ကြသည့် လူနာအမှတ်(၁၆)နှင့် (၁၇)တို့သည် COVID-19 ရောဂါအတည်ပြု လူနာထဲမှ ဒုတိယနှင့် တတိယမြောက်ကွယ်လွန်သူများဖြစ်သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံ ရပြီး ကွယ်လွန်သွားသည်မှာ စုစုပေါင်း ၃ ဦးရှိသွားပြီဖြစ်သည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ