နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တနင်္သာရီမြို့နယ်၌ ဘိန်းစာမှုန့်များ ဖမ်းဆီးရမိမှု

တနင်္သာရီ ဧပြီ ၈ ဧပြီ ၇ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ တနင်္သာရီမြို့နယ်၊ ပဝကျွန်းရှည်ကျေးရွာ၊ လက်ကျားကြီးချောင်းကမ်းဘေး၌ ဆိုက်ကပ်ထားသည့် အလျား ၂၀ ပေ၊ အနံ ၄ ပေ၊ ဇောက် ၃ ပေခန့် စက်လှေအား စစ်ဆေးရာ ဘုတ်ပြင်းမြို့နယ်၊ အောင်ဆန်းတောင်ကျေးရွာနေ မျိုးဦး(ခ) နောင်ပုတ်(၄၂)နှစ်၊ မစန်းချို(၄၂)နှစ်၊ မိုးဒီ(၂၃)နှစ်တို့အား တွေ့ရှိရပြီး မစန်းချို နှင့် မိုးဒီတို့ ၂ ဦးမှာ ရေထဲသို့ ခုန်ချ၍ ချောင်းတစ်ဖက်ကမ်းရှိ ကျူတောအတွင်း ဝင်ရောက် ထွက်ပြေးသွားခဲ့ပါသည်။ ယင်းစက်လှေအတွင်း ရှာဖွေစစ်ဆေးရာ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်လျက် ဘိန်းစာမှုန့် ၃၀၃ ကီလို အား သိမ်းဆည်းရမိခဲ့သဖြင့် မျိုးဦး(ခ)နောင်ပုတ်(ဖမ်းမိ)နှင့် မစန်းချို ပါ ၂ ဦး (အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၁ ဦး) (ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ ဆိုင်ရာဥပဒေအရ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ