နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်နိုင်ငံ၏ အိမ်ထောင်စုအသုံးစရိတ် စံချိန်တင်ကျဆင်း

ဇူလိုင် ၇၊ တိုကျို


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု လျော့နည်းစေရန် လူများကို တတ်နိုင်သမျှ အိမ်ပြင်မထွက်ခိုင်းခြင်းကြောင့် ဂျပန်နိုင်ငံ၏ အိမ်ထောင်စုအသုံးစရိတ်မှာ စံချိန်တင်ကျဆင်းခဲ့သည်။ ၂၀၁၉ ခုနှစ် မေလနှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ် မေလအတွင်း မိသားစုအသုံးစရိတ် ၁၆ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဂျပန်အစိုးရ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ အဆိုပါပမာဏမှာ ခန့်မှန်းထားသည်ထက် ပိုဆိုးရွားခဲ့ပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြန်ဆုံး ကျဆင်းမှုနှုန်းဖြစ်ခဲ့သည်။ 


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံး ဂျပန်နိုင်ငံ၏ စီးပွားရေးကို မည်ကဲ့သို့ရိုက်ခတ်စေမည်ဆိုခြင်းကို အဆိုပါကိန်းဂဏန်းများက ဖော်ပြနေသည်။ အဆိုပါကိန်းဂဏန်းများအရ ဟိုတယ်များ၊ ပို့ဆောင်ရေးလုပ်ငန်းများနှင့် ဆိုင်များတွင် စားသောက်မှုများ သိသိသာသာ ကျဆင်းသွားကြောင်း တွေ့ရသည်။ အသုံးစရိတ် ပိုများလာသည့် ပစ္စည်းများတွင် အသား၊ အရက်နှင့် နှာခေါင်းစည်းများ ပါဝင်နေသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ