နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်ရဲတပ်ဖွဲ့ထံ အသုံးပြုသူသတင်းအချက်အလက် ဝေမျှပေးရေးကို ထိပ်တန်းနည်းပညာကုမ္ပဏီများ ရပ်ဆိုင်း

ဇူလိုင် ၇၊ ဝါရှင်တန်


အသုံးပြုသူ သတင်းအချက်အလက်များ ဝေမျှပေးရန် ဟောင်ကောင်ရဲတပ်ဖွဲ့၏ မေတ္တာရပ်ခံချက်ကို ပူးပေါင်းဆောင်ရွက်ရန် ရပ်ဆိုင်းလိုက်ကြောင်း ဖေ့ဘွတ်ခ်၊ တွစ်တာ၊ ဂူဂဲလ်၊ WhatsApp နှင့် Telegram စသည့် ထိပ်တန်းနည်းပညာကုမ္ပဏီများက ထုတ်ပြန်ခဲ့သည်။ တရုတ်အစိုးရက ဟောင်ကောင်မြို့တွင် လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းမှုနှင့်ပတ်သက်၍ နိုင်ငံအများအပြားက ဝေဖန်ခဲ့ကြသည်။ အဆိုပါ ဥပဒေမှာ ဟောင်ကောင်မြို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခြိမ်းခြောက်နေသည်ဟု ဆိုသည်။ ထိပ်တန်း နည်းပညာကုမ္ပဏီများ၏ ကြေညာချက်မှာ Apple ကုမ္ပဏီကိုလည်း ဖိအားဖြစ်စေဖွယ်ရှိနေသည်။ တရုတ်ပြည်မကြီးက အခြားဝန်ဆောင်မှုများကို ပိတ်ပင်ထားသော်လည်း  Apple  ကုမ္ပဏီကို ပိတ်ပင်ခြင်းမရှိပေ။ သို့သော် ဖေ့ဘွတ်ခ်၊ ဂူဂဲလ်၊ တွစ်တာတို့မှာလည်း တရုတ်နိုင်ငံ၏ လုပ်ငန်းအပ်နှံသူများအတွက် ကြော်ငြာထည့်ပေးခြင်းဖြင့် ဝင်ငွေများ ရရှိနေသည်။


Apple ကုမ္ပဏီမှာ (ဟောင်ကောင်မြို့တွင် တရုတ်အစိုးရက လုံခြုံရေးဥပဒေသစ်မပြဋ္ဌာန်းမီ) ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇွန်လကြားကာလအတွင်း ဟောင်ကောင်အစိုးရ၏ တောင်းဆိုချက်အများစုကို လိုက်လျောခဲ့သည်။ ယခင်က ဟောင်ကောင်အာဏာပိုင်များထံ အသုံးပြုသူဆိုင်ရာ အချက်အလက်များ လွှဲပြောင်းပေးအပ်ခဲ့ဖူးသည့် မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှာလည်း မူဝါဒအပြောင်းအလဲကို မကြေညာသေးပေ။ ဟောင်ကောင်အာဏာပိုင်များထံ အသုံးပြုသူအချက်အလက်များ ပေးအပ်မှု ရပ်တန့်မည်ဟု စတင်ကြေညာ ခဲ့သည့်ကုမ္ပဏီမှာ လန်ဒန်မြို့အခြေစိုက် Telegram ကုမ္ပဏီဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ