နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုဘိုင်းလ်ဖုန်းယဉ်ကျေးမှု

ရန်ကုန်   ဇူလိုင်   ၇


မြန်မာနိုင်ငံတွင် တစ်နေ့တခြား မိုးဘိုင်းလ်ဖုန်းများ တွင်ကျယ်၍လာနေပြီး မိုးဘိုင်းလ်ဖုန်းများ တွင်ကျယ် လာသကဲ့သို့ လူမှုကွန်ရက်အသုံးပြုသူများ သန်းနှင့်ချီ၍ ရှိလာသည်။ မိုဘိုင်းလ်ဖုန်းသုံးစွဲမှုနှင့် လူငယ်လူရွယ်များ လူမှုကွန်ရက်တည်ဆောက် ဆက်သွယ်အသုံးချခြင်းကြောင့် မိမိဘဝအတွက် ထိရောက်သည့် အတတ်ပညာ နည်းပညာတို့ အကျိုးရှိစွာ အသုံးချမည်ဟု မျှော်လင့်သော်လည်း အခြားဆိုရှယ်လူမှုကွန်ရက်များတွင်သာ အချိန်ဖြုန်းလာကြသည်။

လူမှုကွန်ရက်များကို ကျယ်ပြန့်စွာ သုံးစွဲလာခြင်းသည် ပြည်သူများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက် အကူဖြစ်စေနိုင်မည်ဖြစ်သည်။ လူမှုကွန်ရက်များသည် ပြည်သူများအတွင်း လွဲမှားစွာအသုံးချမှု၊ အကျိုးမရှိသော ကိစ္စရပ်များတွင် သုံးစွဲနေမှုသည် တိုးတက်မှုကို ယုတ်လျော့စေသည်ကို သတိပြုမိပေသည်။


နည်းပညာများ၏ လျင်မြန်စွာပြောင်းလဲလာမှုကို အသုံးချ၍ မကောင်းမြင်ဝါဒများကို သွတ်သွင်းရာတွင် တုံ့ပြန်မှုများက မြန်ဆန်လာကြပြီး သုံးစွဲသူများဘက်က ဆင်ခြင်ဉာဏ်အသိကို ထိန်းချုပ်၍ အွန်လိုင်းပဋိပက္ခများ ဖြစ်ပေါ်မှုကို လျော့နည်းစေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညှိနှိုင်းမှုဖြင့် ဆက်သွယ်ရေးအော်ပရေတာ ၄ ခု၊ Blue Ocean ကုမ္ပဏီတို့ ပူးပေါင်း၍ COVID-19 Call Center ကို ရန်ကုန်မြို့ ဆေးသုတေသနတွင် ဝန်ထမ်း ၄၃ ဦး၊ စေတနာ့ဝန်ထမ်းဆရာဝန် ၁၇ ဦး ဖြင့် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း COVID-19 ရောဂါပိုးတွေ့ရှိသူ များကို နေ့စဉ် နံနက် ၈ နာရီနှင့် ည ၈ နာရီတွင် ယင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြလျက်ရှိရာ လူမှုကွန်ရက်များ၏ စွမ်းဆောင်မှုများကြောင့် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ခဲ့သည်မှာ မိုဘိုင်းလ်ဖုန်းများ၏ သုံးစွဲသူကို အကျိုးကျေးဇူးများလှပေသည်။


နည်းပညာမြင့်မားလာမှုနှင့်အတူ အားသာချက်၊ အားနည်းချက်များကို ဆင်ခြင်သုံးစွဲနိုင်သည့် ပြည်သူ ပြည်သားတို့၏ အသိဉာဏ်များ တိုးတက်စေချင်သည်။ လူမှုကွန်ရက်များက လူအများထိတ်လန့်တကြားဖြစ်စေ သည့် သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ လွှင့်တင်၍ဝါဒဖြန့်လှုံ့ဆော်မှုများသည် အန္တရာယ်ကြီးမားသည်။ ယခုအခါ မြို့နယ်အချို့တွင် COVID-19 ကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားမှုအစီအစဉ်အဖြစ် လူငယ်အကျိုးပြုအွန်လိုင်း သင်တန်းများ ဖွင့်လှစ်လျက်ရှိသည်။

ယင်းသင်တန်းများ ဖွင့်လှစ်ရခြင်းမှာ လူငယ်များအနေဖြင့် မိမိတို့ကိုယ်တိုင် ပြဿနာများကို ဖြေရှင်းနိုင်စေ ရန် မိမိပတ်ဝန်းကျင်ကို မှန်ကန်သော သတင်းအချက်အလက်များကို ပြန်လည်မျှဝေပေးနိုင်ရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းတို့မှ အချင်းချင်း အပြန်အလှန်ကူညီစောင့်ရှောက်နိုင် စေရန်၊ အင်တာနက် အသုံးပြုရာတွင် ကောင်းကျိုးရစေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို နားလည်ရန် ရည်ရွယ်ခြင်းဖြစ်သည်။


သို့ဖြစ်ရာ လောကလူသားတစ်ယောက်အနေဖြင့် အရာရာကို ချင့်ချိန်စဉ်းစားလုပ်ကိုင်တတ်ကြ၍ အကောင်း အဆိုး၊ အကျိုးအကြောင်းတို့ကို ဝေဖန်ပိုင်းခြားသိရှိနိုင်ရန် အစဉ်သဖြင့် နှလုံးသွင်းဆင်ခြင်စေသင့်ကြောင်း ။           ။






အခြားဆက်စပ်သတင်းများ