နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် TikTok ကဲ့သို့ App များ အသုံးပြုမှု မြင့်မားလာ

ဇူလိုင် ၇


အိန္ဒိယအစိုးရက အိန္ဒိယ–တရုတ် နယ်စပ်တင်းမာမှုအတွက် တုံ့ပြန်သည့်အနေဖြင့် TikTok ၊ WeChat ၊ UC Browser စသည့် App ပေါင်း ၅၉ ခုတို့ကို ပိတ်ပင်မှုပြုလုပ်ခဲ့သည်။


သို့သော် အိန္ဒိယတွင် TikTok အား ပိတ်ပင်လိုက်မှုနှင့်အတူ အိန္ဒိယဆော့ဝဲလ်အင်ဂျင်နီယာများ ဖန်တီးထား သည့် TikTok ကဲ့သို့ App အား အသုံးပြုမှု အလွန်မြင့်မားလာကာ ၄၈ နာရီအတွင်း အသုံးပြုသူ ၂၂ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။


အိန္ဒိယမှာ TikTok ကဲ့သို့ လုပ်ဆောင်ထားသည့် App ဖြစ်သည့် Roposo က TikTok အပိတ်ခံရပြီးနောက် အသုံးပြုသူများလာခြင်းဖြစ်သည်။


ယင်းကဲ့သို့ အသုံးပြုသူမြင့်မားလာမှုနှင့်အတူ Roposo ကလည်း အသုံးပြုသူများ အဆင်ပြေချောမွေ့စွာ သုံးနိုင် ရေးအတွက် များစွာအလုပ်လုပ်လာရသည်။ Roposo ကို တည်ထောင်သူတစ်ဦးက အသုံးပြုသူ အလွန်မြင့်မား လာမှုကြောင့် တစ်နေ့လျှင် ၅ နာရီမျှသာ အိပ်ရသည်အထိ အလုပ်များလာကြောင်း ဆိုသည်။


လက်ရှိအချိန်မှာ Roposo ကို Google Android မှာ ဒေါင်းလော့ခ်လုပ်သူ ၈၈ သန်းကျော်အထိ ရှိလာပြီဖြစ် ကြောင်း သိရသည်။


 (သူရိန်)






အခြားဆက်စပ်သတင်းများ