နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်း၌ တောမီးမှတစ်ဆင့် ထပ်လုံစေတီကုန်းမြေပေါ်ရှိဆွမ်းစားဆောင်များ မီးကူးစက် လောင်ကျွမ်း

မိုင်းယောင်း ဧပြီ ၈ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်တောင်းကျေးရွာအနီးတွင် ဧပြီ ၇ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်က တောမီးလောင်ရာမှတစ်ဆင့် ထပ်လုံ စေတီကုန်းမြေပေါ်ရှိ အလျားပေ ၃ဝ၊ အနံ ၁၈ ပေရှိ RC တစ်ထပ်၊ သွပ်မိုးဆွမ်းစားဆောင် နှစ်လုံး၏ သွပ်နှင့် ဒိုင်းမြားများ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်နှစ်သိန်းခန့်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်ထံမှ သိရသည်။ မီးလောင်ရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ယာယီနည်းဗျူဟာမှူးဒုတိယ ဗိုလ်မှူးကြီးထွန်းနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းနေလှိုင်နှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် လူမှုရေး အသင်းအဖွဲ့များက မီးသတ်ကားနှစ်စီး၊ ရေသယ်ယာဉ်တစ်စီးနှင့် ဒေသရေသယ်ယာဉ်ငါးစီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲတွင် မီးညွန့်ကျိုးခဲ့ပြီး ၇ နာရီ ၅၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (မိုးခါး)






အခြားဆက်စပ်သတင်းများ