နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအတွက် ခါးသော်လည်း ဆောက်သမ်တန်အတွက် အချိုမြိန်ဆုံးပွဲ

ဇူလိုင်   ၇


ပရီးမီးယားလိဂ်ရဲ့ ပွဲတစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ ဆောက်သမ်တန်တို့ပွဲမှာ ထူးခြားတဲ့အခြေအနေတွေ၊ အချက်အလက်တွေ  တွေ့ရှိနေပါတယ်။ ဆောက်သမ်တန်က တစ်လုံးတည်းသောဂိုးနဲ့ နိုင်ခဲ့တာပါ။ အဲဒီအနိုင်ဂိုး ကို ပရီးမီးယားလိဂ်ရောက်တာ တစ်နှစ်ကျော်ကြာခဲ့ပေမဲ့ တစ်ဂိုးမှမရသေးတဲ့ ကွင်းလယ်ကစားသမား အဒမ်အတွက် ထူးထူးခြားခြားနဲ့ မှတ်မှတ်ရရဖြစ်ခဲ့ပါတယ်။  အဒမ်ဟာရက်ပေါင်း  ၃၃၀ ကျော်၊ ပွဲပေါင်း ၂၅ ပွဲမှာ ဂိုးပေါက်ကန်ချက်ပေါင်း  ၂၁ ကြိမ်ကန်ထားခဲ့ပြီး အဲဒီကိုက် ၄၀ အကွာက ကန်သွင်းတဲ့ဂိုးနဲ့ ဂိုးရသွားချိန်မှာတော့ သူစောင့်ဆိုင်းမျှော်လင့်နေတာကို အကောင်းဆုံးပြသနိုင်ခဲ့ပါတယ်။


ပရီးမီးယားလိဂ်ရဲ့ဒီရာသီအကွာအဝေးအရှည်  ၃၉ ကိုက်ကိုကျော်လွန်ပြီး စံချိန်သစ်ပါတင်နိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်က အနိုင်ဂိုး၊ မန်စီးတီးကစံချိန်ဆိုးကို ခံစားလိုက်ကြရတယ်။ မန်စီးတီးဟာ ဒီရာသီမှာ  ၉ ပွဲမြောက်အရှုံးပွဲပဲဖြစ်ပါတယ်။ အဝေးကွင်းရှုံးပွဲသုံးပွဲမြောက်လဲဖြစ်ပါတယ်။ ထူးခြားမှုက မန်စီးတီးဟာ ဆောက်သမ်တန်ဂိုးပေါက်ကို ၂၆ ကြိမ်ကန်နိုင်ခဲ့ပြီး ဂိုးမဝင်ခြင်းပဲဖြစ်ပါတယ်။ အဒမ်ရဲ့ အနိုင်ဂိုးကလည်း ဂိုးဝင်ဖို့ ခက်ခဲတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့တယ်။ အဒမ်ဟာ အခွင့်အရေးတစ်ကြိမ်ရ၊ တစ်ဂိုးဝင်အောင်  စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။                                                                                                         


(SO)






အခြားဆက်စပ်သတင်းများ