နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှေ့ကစံချိန်ရှင်တွေကို အမီလိုက်ရင်း ကျော်တက်ဖို့ကြိုးစားနေတဲ့ စံချိန်ရှင်အသစ်ကလေး

ဇူလိုင်  ၇


ဥရောပလိဂ်အသင်းကြီး ၄ ခုရဲ့ ပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်နေကြတဲ့ အသင်းတိုင်းမှ အားကစားသမားတွေ ဟာ အသင်းအတွက် ဦးတည်ကြိုးစားယှဉ်ပြိုင်ရင်း စံချိန်တွေ၊ မှတ်တမ်းတွေ အသစ်အသစ်တွေ ရေးထိုး နိုင်ခဲ့တာကို တွေ့နေရပါတယ်။ ယခုဆိုရင် မန်ယူရဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တိုက်စစ်မှူး မေဆွန်ဂရင်းဝုဒ်က ဘုန်းမောက်နဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးရအောင် ကြိုးစားသွင်းယူနိုင်ခဲ့ပါတယ်။ 


ဒီသွင်းဂိုးအပါအဝင် ဒီရာသီရဲ့ပြိုင်ပွဲစုံသွင်းဂိုး ၁၅ ဂိုးထိ ဒီလူငယ်လေးက သွင်းယူနိုင်ခဲ့ပါတယ်။ မေဆွန်ဂရင်းဝုဒ် သွင်းယူခဲ့တဲ့ ဂိုးပေါင်းဟာ ၂၀၀၃−၂၀၀၄  ရာသီက ရော်နယ်လ်ဒို အသက် ၁၈ နှစ်အရွယ်က သွင်းယူခဲ့တဲ့ ဂိုးပေါင်း ၆ ဂိုးထက် နှစ်ဆမက များနေတာ တွေ့ရပါတယ်။


မန်ယူရဲ့ ဂန္တဝင်ကစားသမားကြီး ဝိန်းရွန်းနီရဲ့ အသက် ၁၈ နှစ်အရွယ် သွင်းဂိုးစံချိန်ကိုမီဖို့ ၂ ဂိုးမျှသာ လိုပါတယ်။ ဘုန်းမောက်အသင်းကို သူသွင်းယူခဲ့တဲ့ ဒုတိယဂိုးမှာ ဘုန်းမောက်ရဲ့ ခံစစ်သမားတွေပိတ်ဆို့ထားတဲ့ကြားကပဲ ဘောလုံးကို ပင်နယ်တီဧရိယာညာဘက်ခြမ်းကို ဆွဲယူကာ ဂိုးသမားရဲ့ညာဘက်အပေါ်ထောင့်ကို ထောင့်ဖြတ်အပြင်းကန်သွင်း ယူလိုက်တာပဲဖြစ်တယ်။ ဒီဂိုးဟာ ပရိသတ်တွေသာမက ဘောလုံးသုံးသပ်သူတွေ၊ အသင်းသားဟောင်းကြီးတွေကိုပါ အံ့သြသွားစေခဲ့ပါတယ်။ ဒါကြောင့် ပါရမီရှိတဲ့ ကစားသမားကောင်းလေးပါလို့ လူတိုင်းချီးမြှောက်မှုကို ရရှိခံစားနေရပါတယ်။                                                                                       


(So)






အခြားဆက်စပ်သတင်းများ