နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တံတားဦးမြို့နယ်၌ ယာဉ်တိမ်းမှောက်တစ်ဦးသေ၊ ၇ ဦးဒဏ်ရာရ

တံတားဦး ဧပြီ ၈ ဧပြီ ၆ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်တွင် တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်(၃၂၈/၆-၇)ကြား၌ အောင်ထွန်းလင်း (၃၇)နှစ်မောင်းနှင်ပြီး မင်းမင်းထွန်း(၃၁)နှစ်ပါ ၇ ဦး(ကျား ၅၊ မ ၂)တို့ လိုက်ပါလာသော 9F/---- Light Truck ယာဉ်သည် ဝဲဘက်လေးထုပ် ဂျွိုင်းဆက်ပြုတ်ထွက်၍ တိမ်းမှောက်စဉ် လားရာတူနောက်မှ ဇော်မျိုးနိုင်(၃၇)နှစ်မောင်းနှင်ပြီး ကျော်စွာဝင်း(၃၆)နှစ်လိုက်ပါလာသော 5J/---- Probox ယာဉ်မှ ယင်း 9F/----- Light Truck ယာဉ်အားတိုက်မိခဲ့သည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် 9F/---- Light Truck ယာဉ်မှ မင်းမင်းထွန်းတွင် ဦးခေါင်းကြေမွ၊ ဝဲနား၊ ပါးစပ်၊ သွေးထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အောင်ထွန်းလင်းပါ ၇ ဦး(ကျား ၅၊ မ ၂)တို့တွင် ဦးခေါင်း၊ နှုတ်ခမ်း၊ ဝဲ/ယာလက်၊ ခါး၊ တင်ပါး၊ ခြေထောက်ဖူးရောင်ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)နှင့် 5J/----- Probox ယာဉ်မှ ဇော်မျိုးနိုင်ပါ ၂ ဦး တို့တွင် ယာနားထင်၊ ရင်ဘတ်ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နံနက် ၇ နာရီခွဲအချိန်တွင် အောင်ထွန်းလင်းနှင့် ဇော်မျိုးနိုင်တို့ ၂ ဦး(ဖမ်းမိ)အား တံတားဦး မြို့မရဲစခန်း၊ ယာဉ်(ပ)၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ