နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Xiaomi က 65” 4K OLED Mi TV Master ကို ကြေညာ

ဇူလိုင်  ၆


Xiaomi က 65” 4K OLED Mi TV Master ကို ကြေညာလာပြီး အဆိုပါ တီဗီမှာ 120Hz Refresh Rate ထောက်ပံ့ထားသလို Automatic Low Latency Mode လည်း ပါဝင်သည်။
ရုပ်ထွက်ဘောင်အထူက ၄ ဒသမ ၆ မီလီမီတာရှိကာ Screen-to Body Ratio က 98.8 ရာခိုင်နှုန်းအထိရှိသည်။ Gaming Mode ပါဝင်သလို MEMC Motion Compensation လည်း ပါဝင်သည်။ အရည်အသွေးမြင့် ရုပ်ထွက် အတွက် APU Neural Network လည်း ပါဝင်သည်။


MediaTek MT9650 Chipset နှင့် ပါဝါထောက်ပံ့ထားပြီး Quad-Core CPU နှင့် Mali-G52 MC1 GPU ပါဝင် သည်။ RAM3GB နှင့် Storage 32GB ပါဝင်ပြီး HDMI ပေါက် သုံးခု၊ USB ပေါက် နှစ်ခု၊ S/PDIF နှင့် LAN တို့ ပါဝင်သည်။ Wi-Fi 802.11 a/b/g/n/ac နှင့် Bluetooth 5.0 တို့ပါဝင်သည်။


12.5W စတီရီယို စပီကာနှစ်လုံးအပြင် 10W အသံပတ်လည် စပီကာနှစ်လုံးနှင့် 20W 50Hz Ultra-Low Frequency Subwoofer လည်း ပါဝင်သည်။ မိုက်ခရိုဖုန်းလေးလုံးပါဝင်ပြီး XiaoAI လည်း ပါဝင်သည်။ စပီကာ များကို Dolby Audio ထောက်ပံ့ထားသည်။ အဆိုပါ တီဗီကို ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၁၈၄၀ သတ်မှတ်ထားပြီး ဇူလိုင် ၈ ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်သည်။


(သူရိန်)







အခြားဆက်စပ်သတင်းများ