နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူနန်ပြည်နယ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆေးပစ္စည်းများ ရောက်ရှိ

ရန်ကုန် ဧပြီ ၈ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီး ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် တရုတ် နိုင်ငံမှ ပေးပို့လှူဒါန်းသည့် ဆေးအသုံးအဆောင်ပစ္စည်းများ တင်ဆောင်လာသောလေယာဉ်သည် ဧပြီ ၈ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ပေးပို့လှူဒါန်းသည့် ဆေးပစ္စည်းများကို တင်ဆောင်လာသော တရုတ်လေကြောင်းလိုင်းမှ လေယာဉ်သည် ကူမင်းလေဆိပ်မှထွက်ခွာခဲ့ပြီး ဧပြီ ၈ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်ဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့်အတူ Disposable Coverall, Medical Protective Face Mask & Medical Face Mask စသည့် ဆေးပစ္စည်းများကို သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုများ တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက်ရည်ရွယ်၍ ယူနန်ပြည်နယ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် ဆေးပစ္စည်းများကို စေလွှတ်ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ပေးပို့လှူဒါန်းခဲ့သည့် ဆေးပစ္စည်းများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပ VIP ခန်းမ (၂) တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E.Mr.Chen Hai နှင့်အဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကျော်စိုးသူ (City News)






အခြားဆက်စပ်သတင်းများ