နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျလိုက်နာစေချင်

ရန်ကုန်   ဇူလိုင်   ၆


ရန်ကုန်မြို့တော်တွင် လူဦးရေတိုးတက်များပြားလာမှု တစ်နိုင်ငံလုံးမှ ကုန်စည်များစုစည်းရောက်ရှိ၍ ကုန်သွယ်မှုထွက်ပေါက်ဖြစ်ခြင်း၊ ပြည်တွင်းခရီးသွားများဆုံဆည်းရာ မြို့တော်ဖြစ်ခြင်းတို့ကြောင့် ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။


ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရေးအတွက် တာဝန်ရှိသူများက နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေ သော်လည်း ပြေလည်မှုမရှိသေးသည်မှာ အထင်အရှားပင်ဖြစ်သည်။ ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များ တစ်နေ့တစ်ခြား တိုးတက်များပြားလာ၍ ခြောက်လမ်းသွားလမ်းမကြီးများ အပါအဝင် အဓိကလမ်းမကြီးများ ပေါ်၌ ယာဉ်မိားစည်းကမ်းမဲ့ ရပ်နားကြသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ တိုးတက်များပြားလာကြောင်း တွေ့ရ သည်။ အဓိကလမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းမရှိစေရေးနှင့် ခရီးသည်တင်ယာဉ်များ ခေတ္တခဏရပ်နားခြင်းမှအပ မည်သည့်ယာဉ်မှ ရပ်နားခြင်းမပြုရန် အသိပေးထားသည်။


သို့သော် ယာဉ်ကြောကျပ်တည်းမှု အထိုက်အလျောက် ပြေလည်သော်လည်း ယာဉ်မတော်တဆဖြစ်ပွားမှု သိသာစွာ လျော့နည်းခြင်းမရှိသည်ကို တွေ့ရသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ဆောင်ရွက် ရာတွင် ပြည်သူများ စည်းကမ်းတကျလိုက်နာထိန်းသိမ်းဆောင်ရွက်သင့်သည်။


ခရီးသည်တင်ယာဉ်များအနေဖြင့် မှတ်တိုင်များ၌ ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို လိုက်နာကျင့်သုံးရန် လိုအပ် သည်။ ရန်ကုန်မြို့တော်အတွင်း လမ်းများပေါ်တွင် မော်တော်ယာဉ်များ မလိုလားအပ်ဘဲ အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်းများ တွေ့ရှိနေရသည်။ ယာဉ်မောင်းသူများ၏ စည်းကမ်းတကျမောင်းနှင်မှု လိုက်နာ ဆောင်ရွက်မှုများ အားနည်းလျက်ရှိသည်။


သို့ဖြစ်ရာ ရန်ကုန်မြို့တော်ကြီး၏ လမ်းများပေါ်တွင် အကျည်းတန် အရုပ်မဆိုးအောင် ကိုယ်စီအသိ စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီစေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ