နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့မီးရထားမှ ပဲခူး-ရန်ကုန် RBE ရထားနှင့် ရန်ကုန်ရေးရထားပြေးဆွဲမည်

ရန်ကုန်   ဇူလိုင်  ၆


မြန်မာ့မီးရထားမှပဲခူးရန်ကုန်ပြေးဆွဲနေသော RBE ရထားကိုဇူလိုင် ၆ ရက်နေ့မှစတင်၍ပြန်လည်ပြေးဆွဲ မည်ဖြစ်ကြောင်းမြန်မာ့မီးရထားအမှတ် ၇ တိုင်း ရန်ကုန်မှ သိရသည် ။


အမှတ် ၁၄ အစုန် RBE ရထားသည် ပဲခူးဘူတာမှနံနက် ၅ နာရီ ၃၅ မိနစ်တွင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နံနက် ၈ နာရီ ၄၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ အမှတ် ၁၃ အဆန် RBE ရထားသည် ရန်ကုန်ဘူတာကြီးမှညနေ ၅ နာရီ ၅ မိနစ်တွင် ထွက်ခွာပြီး ပဲခူးဘူတာသို့ ည ၇ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည် ရန်ကုန်-ပဲခူးလက်မှတ်ခမှာ ခရီးသည်တစ်ဦးလျှင် ၆၀ဝ ကျပ်ဖြစ်သည် ။


ဇွန် ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲသည့် ရန်ကုန်-မော်လမြိုင် အမှတ် ၈၁ အဆန်၊ ၈၂ အစုန်အမြန် ရထားမှာ ဇူလိုင် ၆ ရက်နေ့မှစတင်၍ ခရီးစဉ်တိုးချဲ့ပြီး ရေးမြို့အထိပြေးဆွဲမည်ဖြစ်သည် အမှတ် ၈၁ အဆန်အမြန်ရထားသည် ရန်ကုန်မှ ည ၈ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး မော်လမြိုင်သို့ နံနက် ၆ နာရီ ၃၀ မိနစ်တွင်ရောက်ရှိကာ နံနက် ၇ နာရီတွင် ဆက်လက်ထွက်ခွာပြီး ရေးဘူတာသို့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင်ရောက်ရှိမည်။ အမှတ် ၈၂ အစုန်အမြန်ရထားသည် ရေးဘူတာမှ နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် ထွက်ခွာပြီး မော်လမြိုင်သို့ ည ၈ နာရီ ၃၀ မိနစ်တွင် ရောက်ရှိကာ ည ၉ နာရီတွင် ဆက်လက်ထွက်ခွာ၍ ရန်ကုန် ဘူတာကြီးသို့ နောက်တစ်နေ့နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ရန်ကုန်မှ ရေးအထိ ရထားလက်မှတ်ခမှာ အထက်တန်းတစ်စောင်လျှင် ၆၄၅၀ ကျပ်ဖြစ်ပြီး ရိုးရိုးတန်းတစောင်လျှင် ၃၂၅၀ ကျပ် ဖြစ်သည် ။


သာစည်-ရွှေညောင်လမ်းပိုင်း၌ ပြေးဆွဲနေသည့် အမှတ် ၁၄၁ အဆန် ၊ ၁၄၂ အစုန်ရထားနှင့် ဂန့်ဂေါကလေး လမ်းပိုင်း၌ ပြေးဆွဲနေသည့် အမှတ် ၁၃၉ အဆန် ၁၄၀ အစုန်ရထားများမှာ ဇူလိုင် ၆ ရက်နေ့မှစတင်၍ ပြန်လည် ပြေးဆွဲမည်ဖြစ်သည်။ရထားအချိန်စာရင်းအသေးစိတ်ကို သက်ဆိုင်ရာဘူတာများတွင် ကြေညာပေး မည်ဖြစ်ကြောင်းသိရသည် ။                                                                                  


အောင်သူရ






အခြားဆက်စပ်သတင်းများ