နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ချင်သည်ဟု ကင်းန်ဝက်စ် ပြော

ဇူလိုင် ၆၊ ဝါရှင်တန်


အမေရိကန် ရက်ပ်အဆိုတော် ကင်းန်ဝက်စ်က သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ချင်သည်ဟု ပြောခဲ့သည်။ '' ဘုရားကို ယုံကြည်၊ ကျွန်တော်တို့အမြင်တွေကို စုစည်းပြီး ကျွန်တော်တို့ အနာဂတ်ကို တည်ဆောက်မယ်ဆိုတဲ့ အမေရိကရဲ့ကတိစကားကို ကျွန်တော်တို့ နားလည်လက်ခံရမယ်။ ကျွန်တော်က အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်သွားမှာပါ''ဟု ကင်းန်ဝက်စ်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ ကင်းန်ဝက်စ်ကို ယင်း၏ ဇနီးသည် ကင်ကာဒေးရှန်နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် အီလွန်မက်စ်တို့က ထောက်ခံအတည်ပြုပေးထားသည်။ 


ကင်းန်ဝက်စ်မှာ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည်ဆိုပါက ယင်းလေးစားအားကျသည်ဟု ထုတ်ပြော ထားသည့် ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သို့သော် ကင်းန်ဝက်စ်မှာ ရွေးကောက်ပွဲ အမှန်တကယ်ဝင်ပြိုင်ခြင်း ရှိ၊ မရှိ တိတိကျကျ မသိရသေးပေ။ ယင်းအနေဖြင့် လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် စာရင်းပေးရပုံ မပေါ်သေးပေ။ ကင်းန်ဝက်စ်မှာ ယခင်ကလည်း သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောခဲ့ဖူးသည်။ ကင်းန်ဝက်စ်သည် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်ဟု  ၂၀၁၅ ခုနှစ် MTV Video Music Awards ဆုပေးပွဲတွင် ပြောခဲ့ဖူးသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ