နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖလော်ရီဒါပြည်နယ်တွင် ဦးနှောက်စား အမီးဘားပိုး ကူးစက်မှုဖြစ်ပွား

ဇူလိုင် ၆၊ ဝါရှင်တန်


ဖလော်ရီဒါပြည်နယ်တွင် ဦးနှောက်ကို စားသောက်တတ်သည့် ရှားပါးအမီးဘားပိုး ကူးစက်ခံမှုဖြစ်ပွား ခဲ့သည်ဟု အရာရှိများက အတည်ပြုခဲ့သည်။ ဟေးဘရော့ဂျ်ကောင်တီတွင် နေထိုင်သူတစ်ဦးမှာ ဦးနှောက်စား အမီးဘားပိုးဖြစ်သည့် နာဂလီရီယာဖောလာရီ (Naegleria fowleri) ကူးစက်ခံခဲ့ရသည်ဟု ဖလော်ရီဒါပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ အရမ်းသေးငယ်ပြီး ဆဲလ်တစ်မျိုးသာပါသည့် အမီးဘားပိုးမှာ ဦးနှောက်ကို ကူးစက်စေနိုင်ပြီး အသက်ဆုံးရှုံးစေနိုင်သည်။ ပုံမှန်အားဖြင့် ပူနွေးသည့် ရေချိုထဲတွင် တွေ့ရလေ့ရှိသည့် အမီးဘားမှာ နှာခေါင်းကတစ်ဆင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်လေ့ရှိသည်။ 


မည်သည့်နေရာမှတစ်ဆင့် အမီးဘားပိုး ကူးစက်ခံရသည်ဆိုခြင်းနှင့် ကူးစက်ခံရသည့် လူနာ အခြေအနေကို ဖလော်ရီဒါပြည်နယ်ကျန်းမာရေးဌာနက ဖော်ပြခဲ့ခြင်းမရှိပေ။ အမီးဘားပိုးမှာ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြင်းမရှိပေ။ ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံတောင်ပိုင်းပြည်နယ်များတွင် အမီးဘားပိုး ကူးစက်မှုဖြစ်ပွားလေ့ရှိသော်လည်း ဖလော်ရီဒါပြည်နယ်တွင် ကူးစက်ခံရလေ့နည်းပါးသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် အမီးဘားပိုး ကူးစက်မှု ၃၇ ခုသာ ရှိခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ