နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်နိုင်ငံ၏ စူပါမားကတ်တွင် အဆိပ်သင့်ဖားတစ်ကောင် တွေ့ရှိ

ဇူလိုင် ၆၊ လန်ဒန်


တောင်အမေရိကတိုက်တွင် တွေ့ရလေ့ရှိသည့် အဆိပ်သင့်ဖားတစ်ကောင်ကို ဗြိတိန်နိုင်ငံ၏ စူပါမားကတ် တစ်ခုတွင် တွေ့ရှိခဲ့သည်။ လာနယ်လီမြို့၏ Asda စူပါမားကတ်တွင် မျက်စိလျင်သည့်ဝန်ထမ်းတစ်ဦးက ငှက်ပျောဖီးများကြားတွင် လက်မအရွယ်အစားရှိသည့် ဖားတစ်ကောင်ကို တွေ့ခဲ့သည်။ ကိုလံဘီယာနိုင်ငံမှာ ငှက်ပျောသီးတန်ချိန်သိန်းချီစိုက်ပျိုးပြီး ဗြိတိန်နိုင်ငံကို နှစ်စဉ်ငှက်ပျောသီးတင်ပို့လေ့ရှိခြင်းကြောင့် အဆိုပါ ဖားမှာ ကိုလံဘီယာနိုင်ငံမှ ရောက်ရှိလာခြင်းဟု ယူဆကြသည်။ 


ဖားများမှာ သဘာဝပတ်ဝန်းကျင် အခြေအနေအလိုက် ဇီဝကမ္မဖြစ်စဉ်ကို အရှိန်လျှော့ချနိုင်ပါက မိုင် ၅၀၀၀ ကွာဝေးသည့်ခရီးစဉ်တွင် အစာမစား၊ ရေမသောက်ဘဲ အသက်ရှင်ခဲ့ခြင်းဖြစ်လိမ့်မည်ဟု ယူဆကြသည်။ Asda စူပါမားကတ်၏ ဝန်ထမ်းများက RSPCA(Royal Society for the Prevention of Cruelty to Animals)ကို ဆက်သွယ်ခဲ့ပြီး အဆိုပါဖားကို Silent World Zoo To You ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။ Silent World Zoo To You မှာ ရေနေသတ္တဝါမျးအတွက် အထူးတည်ဆောက်ထားသည့် စင်တာဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ