နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် တမူးနယ်စပ်ဂိတ်ကို COVID-19 ရောဂါအခြေအနေကြောင့် ဇူလိုင်လကုန်အထိ ဆက်လက်ပိတ်ထားမည်

တမူး ဇူလိုင် ၆


မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်တွင်COVID-19  ရောဂါ ပိုးတွေ့လူနာများပြားလာသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်းရှိ မြန်မာ- အိန္ဒိယ နယ်စပ် တမူး-မိုရေးနယ်စပ်ဂိတ်များဖြစ်သည့် နံပါတ်(၁) ဂိတ်နှင့် နံပါတ်(၂)ဂိတ်ကို ဇွန်လကုန်တွင် ပြန်လည် ဖွင့်လှစ်ရန်စီစဉ် ထားသော်လည်း ဇူလိုင်လကုန် အထိ ဆက်လက်ပိတ်ထားမည် ဖြစ်ကြောင်း တမူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

အဆိုပါ  နယ်စပ်ဂိတ်သည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုများပြုလုပ်ရာတွင် အရေးပါသောနယ်စပ် ဂိတ်ဖြစ်ရာ နယ်စပ်ဂိတ်များကို မြန်မာနိုင်ငံအစိုးရဘက်မှ ဧပြီ ၁၄ ရက်မှစတင်၍ ဧပြီလကုန် အထိပိတ် ထားခဲ့ပြီးနောက် မေလကုန်ထိထပ်တိုးခဲ့ပြီး ထပ်မံ၍ဇွန်လကုန်အထိထပ်တိုးထားကာ ဇွန်လ ကုန်ပိုင်းက    ပြန်လည်ဖွင့်လှစ်ရန်စီစဉ်ခဲ့သော်လည်းအိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အတွင်း COVID-19 ရောဂါပိုး ကူးစက် ခံထားရ သူဦးရေတိုးပွားနေသဖြင့် နယ်စပ် ဂိတ်ကို ဇူလိုင်လကုန်အထိ ဆက် လက်ပိတ်ထားရန် သက်ဆိုင်ရာမှ ထပ်မံညွှန်ကြားခြင်းဖြစ်သည်။


လက်ရှိတွင် နှစ်နိုင်ငံနယ်စပ်စျေးဖြစ်သည့် နန်းဖာလုံစျေးကိုလည်းပိတ်ထားပြီး ကုန်သွယ်မှု များ ရပ်ဆိုင်းထားကြောင်း၊ နန်းဖာလုံစျေးသည် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်မှ အဓိကလာရောက် စျေး ဝယ်ကြခြင်းဖြစ်ပြီး ပိုးကူးစက်ခံရသည့်ဦးရေတိုးနေသည့်အချိန်တွင် နယ်စပ်ဂိတ်ဖွင့်၍စျေးရောင်းပါက မြန်မာနိုင်ငံဘက်ခြမ်းတွင် ပိုးကူးစက်ခံရမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် နယ်စပ်ဂိတ်ကို ဇူလိုင်လကုန်အထိပိတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ တမူးမြို့၌လည်း COVID-19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း အုပ်ချုပ်ရေးမှူးဦးမျိုးမင်းအောင်က ဆက်လက်ပြောကြားသည်။

မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်ကို COVID-19 ရောဂါကြောင့် နှစ်လကျော်ပိတ်ထားခဲ့ရာ ကုန်သည်၊ စျေးသည်များအနေဖြင့် ထိခိုက်မှုရှိ ကြောင်း၊ ယင်းအတွက် နှစ်နိုင်ငံသွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများ လည်း ရပ်ဆိုင်းထားရမည်ဖြစ်ပြီး တစ်ဖက်နိုင်ငံ၏ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ ပြန်လည် ဖွင့်လှစ်ခြင်း၊ မဖွင့်လှစ်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိတွင် နယ်စပ်ဂိတ်များ၌ ဝင်ထွက် သွားလာခြင်းများကိုပါတားမြစ်ထားကြောင်း သိရသည်။ 


ကျော်ဆန်းမြင့် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ