နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ တစ်နေ့လျှင် လေးနာရီနှင့် စာသင်ချိန်ငါးချိန်သာ သင်ကြားရန် ထုတ်ပြန်

ရန်ကုန်  ဇူလိုင် ၆


 တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ တစ်နေ့လျှင် လေးနာရီနှင့် စာသင်ချိန်ငါးချိန်သင်ကြားရန်       ညွှန်ကြားစာထုတ်ပြန်ထားပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှသိရသည်။

   ကျောင်းစာသင်ချိန်များနှင့်ပတ်သက်၍ ဇူလိုင်လအစောပိုင်းရက်တွင် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။


          “ဆရာ၊ ဆရာမတွေ တစ်နေကုန် mask တပ်ပြီး စာသင်ဖို့က ဘယ်ဖြစ်နိုင်မှာလဲ။ ဒါကြီးကို ကလေးတပ်ခိုင်း လဲ တစ်နေကုန် ဘယ်ရမလဲ။ အခုလည်းဆရာတို့လည်း စာထွက်ဖို့ရှိတယ်။ တစ်နေ့ကိုအများဆုံးလေးနာရီပဲ စာသင်ဖို့လေ ငါးချိန်ပဲသင်ဖို့ဆိုပြီး ဇူလိုင် (၂) ရက်မှာ ဝန်ကြီးကညွှန်ကြားစာထွက်ခိုင်းထားတယ်။ ဇူလိုင် (၃) ရက်မှာ စာထွက်နိုင်ဖို့လုပ်ရတယ်။ အဲဒါက အတန်းအားလုံးပေါ့။ တစ်နေ့ကို လေးနာရီပဲ။ တချို့ကတော့ ထင်နေတာ။ ခုနစ်နာရီသင်လိုက်မယ်။ ရှစ်နာရီသင်လိုက်မယ်။ မဆိုင်ဘူး။ အခုဟာက အရည်အသွေးကို သိပ်ပြီးမျှော်မှန်းလို့မရဘူး။ အခုဟာက ကလေးတွေကို ပညာသင်ခွင့်မဆုံးရှုံးအောင် လေ့လာသင်ယူတဲ့ဟာ မပြတ်သွားအောင်လုပ်ပေးတာလေ’’ဟု ယင်းကပြောသည်။


 လက်ရှိတွင် ပညာရေးကောလိပ်သင်တန်းများ Online ဖြင့် သင်ကြားပို့ချနိုင်ရေးအတွက် သင်ရိုး မာတိကာများကို လျှော့ချပြင်ဆင်ပေးရန်နှင့် ပညာရေးကောလိပ်များ၏ လုပ်ငန်းခွင် အကြိုသင်တန်းများကို Online ဖြင့် သင်ကြားပို့ချနိုင်ရေးနှင့်စပ်လျဉ်း၍ ဇွန်လအတွင်း Teleconferencing Meeting ဖြင့် ဆောင်ရွက်ပြီး ဖြစ်ကာ အခြေခံပညာကျောင်းများကို မကြာမီကာလတွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဖြစ်သည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ