နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီ မော်တော်ဆိုင်ကယ်စီးသူများ သတိပြုဖွယ်

ဇူလိုင် ၆


မိုးရွာနေစဉ် ဟန်းဖုန်း(လက်ကိုင်ဖုန်း)များကို ဆိုင်ကယ်လ် Tool Box အတွင်း မထည့်ပါနှင့်။ Tool Box အတွင်း ထားရှိသောအချိန် ပြင်ပကခေါ်ဆိုသောဖုန်းဝင်လာပါက အန္တရာယ်များသည်။ ဆိုင်ကယ် ဘက်ထရီ အများစုကToolBox အတွင်းမှာရှိတတ်သည်။ ဟန်းဖုန်း၊ ဆိုင်ကယ်ဘက်ထရီ၊ ဓာတ်ဆီတိုင်ကီ အားလုံးသည် နီးကပ်စွာရှိသည့်အတွက် ပြင်ပကခေါ်ဆိုသောဖုန်းဝင်လာပါက သံလိုက်စက်ကွင်းနှင့် တည်ငြိမ်လျှပ်စစ်တို့ ပေါင်းစပ်မိပြီးသာမန် လက်လုပ်ဗုံးတစ်လုံးတစ်လုံးထက် ပိုမိုအန္တရာယ်များသည်။ ထို့ကြောင့် မိုးရာသီတွင် လက်ကိုင်ဖုန်းများကိုမော်တော်ဆိုင်ကယ် ToolBox အတွင်းထည့်၍ မစီးသင့်ပေ။


မော်တော်ဆိုင်ကယ်စီးသူများသတိပြုဖွယ်

အမေရိကန်ပြည်ထောင်စု ဓာတ်ဆီဆိုင်မှာဖြစ်ခဲ့သော မတော်တဆဖြစ်ရပ်ကို Daily Health Tips(ခေါ်)အင်တာနက်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသဖြင့် မော်တော်ဆိုင်ကယ်စီးသူများ သတိပြုနိုင်ကြပါကြောင်း အောက်ပါအတိုင်း ရေးသားဖော်ပြလိုက်ရပါသည် -

မော်တော်ဆိုင်ကယ်ဆီဖြည့်ရန်အတွက် သားအဖနှစ်ဦး ဆီဆိုင်ကို ရောက်လာခဲ့ကြသည်။ ဆီဖြည့် တော့မည်ဖြစ်၍ ဖခင်ဖြစ်သူက ထုံးစံအတိုင်း ဆိုင်ကယ်အင်ဂျင်စက်ခလုတ်ကို ပိတ်လိုက်သည်။ သို့သော် သားအဖနှစ်ဦးစလုံး ဆိုင်ကယ်ပေါ်ကမဆင်းကြပေ။ ဆီဆိုင်ဝန်ထမ်းလည်း ဆီဖြည့်ပေးရန်အတွက် ဆီပိုက်ခေါင်းကို မော်တော်ဆိုင်ကယ်ဘက်သို့ အဆင်သင့်လှည့်ကိုင်ထားပြီး၊ မျက်နှာက တစ်ဖက်သို့လွှဲကာ လုပ်ရိုးလုပ်စဉ်အတိုင်း ဆီမီတာကိုပြန်ချိန်၍ ဆီပန့်ခလုတ်ကို ဖွင့်ချလိုက်သည်။ ထိုအခါဆီပန့်က အရှိန်ပြင်းပြင်း လွှတ်လိုက်သော ဓာတ်ဆီများသည် သားအဖဆီသို့ ပန်းထွက်ကုန်တော့သည်။ 

ဓာတ်ဆီတွေက အသက် (၄) နှစ်သားလေး၏ မျက်လုံးထဲဝင်ကုန်သည်။ ဖခင်လုပ်သူလည်း ကလေးကို ကောက်ချီ ပြေးပြီး ဓာတ်ဆီဆိုင်ဝန်ထမ်းများအကူအညီဖြင့်၊ ကလေး၏ ဦးခေါင်းထက်ကနေ ရေများများ လောင်းချိုးပေးကြသည်။ မျက်နှာနှင့် မျက်လုံးတွေကို ရေဖြင့် ဆေးကြောပေးကြသည်။ သို့သော် ကလေးက သူ့မျက်လုံးတွေ ဘာမှမမြင်ရတော့ပါဟု ပြောသည်။ ရေဆေးပြီးနောက် ၄င်းဓာတ်ဆီဆိုင်အနီးရှိ အရေးပေါ် ဆေးခန်းကိုပြသည်။ ဆရာဝန်လည်း ICU နည်းဖြင့် ကုသပေးခဲ့ရာ နောက်နှစ်ရက်ကြာမှ ကလေးမျက်စိ ပြန်မြင်လာပါသည်။ ယခုအချိန်တွင် ကလေးငယ်၏မျက်လုံးများမှာ ပကတိအတိုင်းပြန်လည်ကောင်းလာခဲ့ပါပြီ။ 

ဆရာဝန်က “ပြင်းအားနဲ့ မှုတ်ထုတ်လိုက်တဲ့ ဓာတ်ဆီတွေက မျက်လုံးအတွင်းပိုင်းတစ်ရှူးတွေကို လောင်ကျွမ်းပြီး မျက်စိ(လုံးဝ)ကွယ်စေနိုင်ပါတယ်။ ဒါပေမယ့် ဆေးခန်းရောက်မလာခင် ဖြစ်ဖြစ်ချင်းမှာပဲ ရေနိုင်နိုင်ဆေးကြောနိုင်ခဲ့လို့ ခုလို မျက်စိပြန်မြင်လာနိုင်တာပါ။ ဒီချာတိတ် ကံကောင်းသွားတာပေါ့ဗျာ။ ဆီဆိုင်ဝန်ထမ်းတွေရော၊ ဆီလာဖြည့်သူများပါ အခြေခံဗဟုသုတရှိဖို့လိုတာပေါ့ဗျာ” ဟု ဆိုသည်။


မော်တော်ဆိုင်ကယ်စီးသူများလိုက်နာရမည့် စည်းကမ်းများ

ဆီဆိုင်တွင် ဆီဖြည့်တော့မည်ဆိုပါက မော်တော်ဆိုင်ကယ်အင်ဂျင်စက်ခလုတ်ကိုပိတ်ထားလိုက်ပါ။ သို့မဟုတ်ပါက မီးလောင်ပေါက်ကွဲမှုဖြစ်စေနိုင်သည်။ထို့ပြင်ဆေးလိပ်သောက်ခြင်း၊ ဟန်းဖုန်းဖြင့်စကားပြော ခြင်းလည်း (လုံးဝ) မလုပ်သင့်ပေ။

ဆိုင်ကယ်ဆီဖြည့်နေစဉ် နောက်ခုံပေါ်မှာ ကလေး၊ လူကြီး မည်သူမျှမထိုင်သင့်ပေ။ ကလေးတွေက ထိခိုက်မှုလွယ်တတ်၍ အထူးသတိပြုသင့်သည်။

ကာဘွန်ဒိုင်အောက်ဆိုဒ် ထည့်သွင်းထားသော အချိုရည်ဘူး၊ အရက်ဘီယာပုလင်းများ၊ ရေမွှေးစသည့် အလှကုန်ပစ္စည်းများကအပူရှိန်ဖြင့် မီးလောင်ပေါက်ကွဲမှုကိုအားပေးသည်။ ထို့ကြောင့် ဆီဆိုင်တွင် ဆီဖြည့်တော့မည်ဆိုပါက အဆိုပါပစ္စည်းများကို ဆိုင်ကယ်ကယ်ရီယာခုံပေါ်မှာ တင်မထားပါနှင့်။

ဆီဆိုင်က ဝန်ထမ်းများကိုလည်း၊ ဆီပိုက်ခေါင်းကို အောက်ချကိုင်ထားဖို့ အကြံပေးလိုက်ပါ။ ထိုမှသာဆီပန့်ခလုတ်ဖွင့်စဉ်မှာ၊ ဆီပိုက်ကနေ အရှိန်ပြင်းပြင်းထွက်လာသောဆီများ မိမိမျက်နှာကို မတော်တဆ မထိမိစေနိုင်တောပေ။

အလျဉ်းသင့်တိုင်း ဆီဆိုင်ဝန်ထမ်းများနှင့် မိမိကဲ့သို့ မော်တော်ဆိုင်ကယ်စီးသူတွေကို သတိပေး နှိုးဆော်ပါ။


(ပေါက်ပေါက်)






အခြားဆက်စပ်သတင်းများ