နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်လမြိုင်မြို့၏ ၈၀ ရာခိုင်နှုန်းခန့်ကို WHO စံနှုန်းသတ်မှတ်ချက်ထက် ပိုမိုကောင်းမွန်သော သောက်သုံးရေများ ဖြန့်ဝေပေးနိုင်တော့မည်

မော်လမြိုင်၊  ဇူလိုင် ၆


မော်လမြိုင်မြို့၏ ၈၀ရာခိုင်နှုန်းခန့်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) စံနှုန်းသတ်မှတ်ချက်ထက် ပိုမိုကောင်းမွန်သော သောက်သုံးရေများ မကြာမီ ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

မွန်ပြည်နယ်အတွင်းရှိ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ ဘီးလင်းနှင့် မော်လမြိုင် စသည့်မြို့နယ်များ၌ နှစ်စဉ် နွေရာသီတွင် သောက်သုံးရေရှားပါးမှုအခက်အခဲများကြုံတွေ့ကြရကြောင်း၊ ထိုသို့ သောက်သုံးရေရှားပါးမှုအခက်အခဲများကို ဖြေရှင်းနိုင်စေရန် ယခုအခါ အတ္ထရံမြစ်ရေတင် သန့်စင်စီမံကိန်းနှင့် ရွှေနတ်တောင်ဆည်၊ ကင်မွန်းချုံဆည်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယင်းတို့အနက် အတ္ထရံမြစ်ရေတင်သန့်စင်စီမံကိန်း ပြီးစီးသွားပါက မော်လမြိုင်မြို့၏ ၈၀ ရာခိုင်နှုန်းခန့်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) စံနှုန်းသတ်မှတ်ချက်ဖြစ်သော NTU 5 အဆင့်ထက်ပိုမိုကောင်းမွန်သည့် သောက်သုံးရေများ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း၊ ယခင်က မော်လမြိုင်မြို့ ၆၀ ရာခိုင်နှုန်းခန့်ကို သောက်သုံးရေ ဖြန့်ဝေပေးနိုင်ခဲ့သော်လည်း ၂၀ ရာခိုင်နှုန်းခန့်သာ ရေသန့်ရရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါ အတ္ထရံမြစ်ရေတင်ပြီး ပြန်လည်သန့်စင်သည့်စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစပြီး WHO စံနှုန်း သတ်မှတ်ချက်ထက် ပိုမိုကောင်းမွန်သော သောက်သုံးရေများ ဖြန့်ဝေပေးနိုင်စေရေးအတွက် ထိုစီမံကိန်းအား ယခုနှစ်အတွင်း အပြီးဆောင်ရွက်နိုင်စေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အတ္ထရံမြစ်ရေတင်သန့်စင်စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ချေးငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းစီမံကိန်းတစ်ခုတည်းမှ နေ့စဉ် ရေဂါလန် ၆ သန်းခန့် သန့်စင်ပြီး ဖြန့်ဝေသွားရန် စီစဉ်ထားကြောင်း၊ ထို့အပြင် ရွှေနတ်တောင်ဆည်နှင့် ကင်မွန်းချုံဆည်တို့မှလည်း သန့်စင်သော သောက်သုံးရေ ဂါလန် ၃ သန်းခန့် ထုတ်လုပ်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

      

 ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ