နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ်တွင် စည်ပင်သာယာရေးလုပ်ငန်းများလုပ်ဆောင်နေမှု တိုင်းစည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊  ဇူလိုင် ၆


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး(အင်ဂျင်နီယာချုပ်) ဦးတင်မောင်မြင့် သည် ဇူလိုင် ၅ ရက် နံနက် ၁၁ နာရီက သုံးခွမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ ဦးခိုင်ကြည်သာလှ၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဌေး၊ အဖွဲ့ဝင်တို့နှင့်အတူ သုံးခွမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကားကြီးဂိတ်အတွင်း တည်ဆောက်နေသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏

(၅)ခန်းတွဲဝန်ထမ်းအိမ်ရာတည်ဆောက်နေမှု၊   အမှတ်(၁၀) ရပ်ကွက်တွင် ပဒုမ္မာလမ်းနှင့် ဗန္ဓုလလမ်းကို ဆက်သွယ်ပေးထားသော ချောင်းကူးတံတား တည်ဆောက်ပြီးစီးနေမှု၊ အမှတ်(၉)ရပ်ကွက် အောင်မင်္ဂလာပိုင်းတွင် အသစ်တူးဖော်ပြီးစီး၍ ရေပေးဝေရေး လုပ်ငန်းအတွက် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မြို့မဈေးရေကန် စိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု‌ စစ်ဆေးကာ လိုအပ်ချက်များအား တာဝန်ရှိသူများကို ဆွေးနွေးလမ်းညွှန်မှာကြားခဲ့စဉ်။


ကိုကျော်(သုံးခွ)






အခြားဆက်စပ်သတင်းများ