နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်ဝင်ခွင့်လက်ကျန် ၂ နေရာအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ အသင်းများ

ဇူလိုင်  ၆


ပရီးမီးယားလိဂ်ပြိုင်ပွဲကြီး ပြီးစီးဖို့က ၆ ပွဲစီကစားရန်သာကျန်တော့တဲ့အချိန်မှာ လီဗာပူးလ်ကတော့ ချန်ပီယံဘွဲ့ကိုရဖို့ သေချာသွားသလို မန်စီးတီးကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့သေချာသွားပြီး မသေချာသေးတဲ့ ချန်ပီယံလိဂ် ဝင်ခွင့်လက်ကျန် ၂ နေရာကိုတော့ လက်စတာစီးတီး၊ ချယ်လ်ဆီး၊ မန်ယူနဲ့ ဝုဗ်ဟမ်တန်အသင်းတွေ အပြိုင်လုနေကြရပါတယ်။ 


ဒါကြောင့် အဆင့် ၃ နဲ့ အဆင့် ၄ နေရာအတွက် ဒီ ၄ သင်းက လက်ကျန် ၆ ပွဲမှာ အဆုံးအဖြတ်အဖြစ် ပြိုင်ဆိုင်ကြရမှာဖြစ်ပါတယ်။ ဒီ ၄ သင်းထဲမှာ  ဝုဗ်အသင်းဟာ ဝံပုလွေတစ်ကောင်လိုပဲ သိုသိုသိပ်သိပ်ကလေးနဲ့ ပြိုင်ဖက်အသင်းတွေကို အန္တရာယ်ပေးနိုင်စွမ်းရှိတာ အမှန်ပါ။ မန်ယူအသင်းကတော့ စပါးနဲ့ ပွဲသရေကျတာက လွဲပြီး ကျန် ၂ ပွဲမှာ ခြေစွမ်းအသာနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။


ချလ်ဆီးလ်ကတော့  ဝက်စ်ဟမ်းကိုရှုံးပြီး  မန်စီးတီးကိုနိုင်ခဲ့တဲ့ ရမှတ်တွေ ဖြုန်းတီးခဲ့ပါတယ်။ ချယ်ဆီးလ် ရဲ့ ခံစစ်ကော၊ တိုက်စစ်ပါ အားရစရာသိပ်မရှိပါဘူး။ လက်စတာအသင်းဟာ ပြိုင်ပွဲပြန်အစကနေပြီး ကစားပုံ ထိုးကျသွားတာ တွေ့ရပါတယ်။ နိုင်ပွဲမတွေ့ရဘဲ သရေ ၂ ပွဲပဲ တွေ့ရပါတယ်။ ဒါကြောင့် လက်စတာ အသင်းတော်တော်ရုန်းကန်ရမဲ့ အနေအထားပါ။


ပြိုင်ပွဲမှာ အမှတ်တွေတူနေရင် ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်မှာဖြစ်တာကြောင့် ဂိုးများများ သွင်းနိုင်ဖို့လည်း လိုပါ တယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ ဇာတ်သိမ်းပိုင်းဟာလည်း ရင်ခုန်စရာအပြည့်နဲ့ ယှဉ်ပြိုင်နေကြရမှာ ဖြစ်ပါတယ်။                                                                                                         


So






အခြားဆက်စပ်သတင်းများ