နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓမ္မတာလာခြင်းက ရှက်ရွံ့စရာကောင်းသည်ဆိုသည့် အမြင်များအား ပြောင်းလဲနိုင်ရန် ရည်ရွယ်သည့် ဆိုရှယ်မီဒီယာလှုပ်ရှားမှုပြုလုပ်

ရန်ကုန် ဧပြီ ၈ “So What!?” ဆိုရှယ်မီဒီယာကမ်ပိန်းက အမျိုးသမီးများ ဓမ္မတာလာခြင်းသည် ရှက်ရွံ့စရာကောင်းသည် ဆိုသည့် အတွေးအမြင်များကို ပြောင်းလဲနိုင်ရန်ရည်ရွယ်ကာ အသိပညာပေးအချက်အလက်များ၊ အတွေ့အကြုံဇာတ်လမ်းများ၊ အပြုသဘောဆောင်သည့် ခွန်အားဖြစ်စေမည့်စာစုများအား မျှဝေပေးသည့် လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် So What!? က #မရှက်ပါဘူး (I am not ashamed of it) Hashtag ဖြင့် မြန်မာအမျိုးသမီးအများစု ပုံစံမျိုးစုံနှင့် နေ့စဉ်ကြုံတွေ့နေရပြီး နောက်ဆက်တွဲဆိုးကြိုးများ ဖြစ်ပေါ်စေသော “ဓမ္မတာလာခြင်းကို ရှက်ရွံ့မှုအဖြစ် ယူဆခြင်းများ” ကို ရပ်တန့်နိုင်စေရန် ဆိုရှယ်မီဒီယာတွင် ကမ်ပိန်းတစ်ခု ကို ပြုလုပ်ခဲ့သည်။ "မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ ရာသီလာတာနဲ့ ပတ်သက်ပြီး စနောက်ခံနေရတာတွေကို အမြဲလိုလို တွေ့နေရပါတယ်"ဟု ပန်းကလေး လူမှုအဖွဲ့အစည်း၏ တည်ထောင်သူ Henriette Ceyrac က ပြောသည်။ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် စတင်ခဲ့သော So What!? ကမ်ပိန်းသည် လူမှုအသိုင်းအဝိုင်းကြား ဓမ္မတာလာခြင်းနှင့်ပတ်သက်သည့် မှန်ကန်သည့်အသိပညာများနှင့် ယင်းအပေါ် အကောင်းမြင်စိတ်ဖြင့် ကြည့်ရှုပေးစေရန်အတွက်ရည်ရွယ်ကာ အနုပညာရှင်များ၊ ဆရာဝန်များနှင့်အတူ အပတ်စဉ် အကြောင်းအရာများနှင့် အသိပညာပေးခဲ့သည်။ So What!? သည် ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်သည့် “ပန်းကလေး” (Pan Ka Lay) လူမှုရေး လှုပ်ရှားမှုအဖွဲ့၏ အမျိုးသမီးများ ရာသီကျန်းမာရေးအတွက် အသိပညာပေးလှုပ်ရှားမှုတစ်ခုဖြစ်ပြီး မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ဓမ္မတာလာခြင်းနှင့်ပတ်သက်၍ မှန်ကန်သည့်ကျန်းမာရေး အသိပညာများရရှိစေရန်၊ မိမိတို့ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံနှင့် အမျိုးသမီးအဖြစ် မွေးဖွားရှင်သန် ရခြင်းအပေါ် အကောင်းမြင်စိတ်များ ပိုမိုတိုးပွားလာစေရန် ကြိုးပမ်းလျက်ရှိသော ဆိုရှယ်မီဒီယာကမ်ပိန်း တစ်ခုဖြစ်ကြောင်း သိရသည်။ AMH (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ