နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်မဲမြို့နယ်တွင် မိရိုးဖလာအုန်းတံမြက်စည်း လုပ်ကိုင်ခြင်းကြောင့် မိသားစုအပိုဝင်ငွေ ရရှိ

အိမ်မဲ  ဇူလိုင်  ၆


ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် လယ်ပေါ်ရပ်ကွက် ၁၂ လမ်းတွင် မိရိုးဖလာအုန်းတံမြက်စည်း လုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။


"အုန်းတံမြက်စည်းလုပ်ငန်းကိုလွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက ယနေ့ထိ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် လုပ်ကိုင်လာတာဖြစ်ကြောင်း တံမြက်စည်းတစ်ချောင်းကို ဖောက်သည်ပေးရင် ၅၀၀ ကျပ်နှင့်ပေးပြီး လိုက်ရောင်းရင်တော့ ၇၀၀ ကျပ်၊ ၈၀၀ကျပ်အစားစားရှိပြီး တံမြက်စည်းကို ကျောင်းကုန်းမြို့၊ ဒါးကမြို့၊ ဝါးခယ်မမြို့နယ်များနဲ့အနီးအနားကျေးရွာတွေကလည်း အော်ဒါမှာယူပါတယ်။ တစ်ခါမှာရင် အများဆုံးအချောင်း ၅၀၀ ကနေ အနည်းဆုံးအချောင်း၂၀၀ အထိမှာယူကြောင်း'' အုန်းတံမြက်စည်းလုပ်ငန်း   လုပ်ကိုင်သူဦးကံမြင့်က ပြောသည်။                                                              


ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ