နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MediaTek က Helio G25 နှင့် G35 တန်ဖိုးသင့် Chipset နှစ်မျိုးကို မိတ်ဆက်

ဇူလိုင်    ၆


MediaTek သည် Helio G25 နှင့် G35 တန်ဖိုးသင့် Chipset နှစ်မျိုးကို မိတ်ဆက်သွားသည်။ ထို Chipset သစ်နှစ်မျိုးသည် တန်ဖိုးနည်း Gaming ဖုန်းများတွင် အသုံးပြုနိုင်စေရန် အထူးထုတ်ထားခြင်းဖြစ်သည်။ MediaTek မှ မိတ်ဆက်လိုက်သည့် Chipset သစ်နှစ်မျိုးလုံးသည် 12nm Cortex A53 Octa-Core Processor များဖြစ်ပြီး GPU ပိုင်းတွင် IMG PowerVR GE8320 ပါရှိသည်။


Clock Speed အနေဖြင့် Helio G25 သည် 650MHhz နှင့် Helio G35 က 680MHz ဖြင့် ထွက်ရှိလာသည််။ CPU Speed တွင်လည်း Helio G25 သည် 2GHz နှင့် Helio G35 သည် 2.3GHz သုံးထားသည်။ ဘက်ထရီသက်တမ်း ပိုတာရှည်ခံပြီး စွမ်းအင်စီမံမှုပိုကောင်းစေရန် MediaTek HyperEngine ၏ Intelligennt Power Management စနစ်လည်း ထည့်သွင်းထားသည်။


Helio G35 Processor ဟာ RAM 6GB 1600MHz LPDDR4x စနစ်နဲ့ Storage အတွက် eMMC 5.1 အထိ ပံ့ပိုးထားသည်။ ထို Chipset သည် FHD+ Display ဖြစ်သည့် 2400 x 1080p Resolution လည်း ပံ့ပိုးနိုင်မည်ဖြစ်ပြီး Helio G25 က HD+ Display (1600 x 720p) ရုပ်ထွက်အထိလည်း ထောက်ပံ့ပေးနိုင်သည်။ ကင်မရာအနေဖြင့်လည်း Multi-Frame Noise Reduction ၊ EIS ရုပ်ငြိမ်စနစ် ၊ Bokeh effect ပံ့ပိုးမှု စသည်တို့လည်း ထည့်ပေးထားသည်။


Helio G35 သည် 25MP ကင်မရာအထိပံ့ပိုးထားပြီး Dual Camera တွင် 13MP နှစ်လုံးတွဲကင်မရာ အသုံးပြုနိုင်မည် ဖြစ်သည်။ Helio G25 က 21MP ကင်မရာ (13MP+8MP) Dual Lens အထိ အသုံးပြု နိုင်မည်ဖြစ်ပြီး Processor နှစ်မျိုးလုံးသည် 1080p ဗွီဒီယိုများကို 30fps နှုန်းဖြင့် ဖမ်းယူကြည့်ရှုနိုင်သည်။ ကွန်ရက်ချိတ်ဆက်မှုအနေဖြင့် 4G သီးသန့်ပံ့ပိုးထားပြီး Bluetooth 5.0 ချိတ်ဆက်မှုလည်း ပါဝင်သည်။   

(WP)






အခြားဆက်စပ်သတင်းများ