နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးပြုလုပ်

ရန်ကုန် ဧပြီ ၈ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဧပြီ ၈ ရက်၊ နံနက် ၉ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ (၃) ၌ ရန်ကုန်တိုင်းဒေသကြီးအဆင့် Coronavirus Diease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် သင်္ကြန်ရုံးပိတ်ရက်အတွင်း ပြည်သူများကို နေအိမ်များမှာနေရန် မေတ္တာရပ်ခံထားပြီး၊ အပြင်ထွက်ရန်လိုအပ်လျှင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများက အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရေး၊ သင်္ကြန်ကာလအတွင်း ကုန်စည် စီးဆင်းမှု၊ ခရီးသွားလာမှုများအတွက် ယာဉ်လိုင်းများ ဆက်လက်ဖွင့်လှစ်ထားပြီး YRTA အနေဖြင့် ပြေးဆွဲနေ သည့် ယာဉ်လိုင်းများကို ဆက်လက်ပြေးဆွဲနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။ အစည်းအဝေးသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)






အခြားဆက်စပ်သတင်းများ